"ဒါနဲ့ ကိုကိုယံ ငယ်မေးစရာရှိတယ်"

"ကိုကိုယံ ထိုးတတ်လား"

"ဘာထိုးတာလဲ"

"ရွှီ  ရွှီ  လက်ဝှေ့ လက်သီးထိုးတာကိုပြောတာ"

မယ်မင်းက လက်သီးလက်မောင်းတန်းကာ သူ့ကိုထိုးတတ်လား စပ်စုနေလေသည်....

"ဘာဖြစ်လို့မေးတာလည်း"

"ပထမတစ်ခါကတော့ လူများလို့ သဲနဲ့ပက်သလို တုံ့ပြန်တာကထားလိုက် အခုက မိုးကျော်အောင်တစ်ယောက်တည်းလေ ထိုးချင်ရင်လက်သုံးပေါ့ ဘာလို့ခေါင်းသုံးတာလဲ ခေါင်းမာတာကိုကြွားချင်တာလား"

"ငါကဆရာဝန်လေ  General Surgery ခွဲစိတ်ဆရာဝန်တစ်ယောက်အတွက် အရေးကြီးဆုံးကလက်ဘဲ ငါ့လက်ကိုနည်းနည်းလေးမှ အနာတရအဖြစ်မခံနိုင်ဘူး လက်ကလှုပ်ရှားရတာ ခက်ခဲသွားရင် ငါခွဲစိတ်တဲ့နေရာမှာအမှားပါသွားရင် လူအသက်တစ်ချောင်းဆုံးရှုံးနိုင်တယ် ဒါကြောင့်မို့ အဲ့ကောင်ကို လက်သီးနဲ့မထိုးတာ ရှင်းပြီလား"

"ဟုတ်ကဲ့ပါ  နားလည်ပါပီ"
_
_
_
_
_
_
_
"ဒါကဘယ်လည်း မယ်မင်း"

"ရေကူးကန်သွားမလို့"

"ရေကူးချင်တာ ဟိုဘက်အိမ်မှာကူးလည်းရတာပဲ ရေကူးကန်ရှိတယ်လေ"

"အိမ်ရေကူးကန်မှာမကူးချင်ပါဘူး ရေလွှာလျှောပါတာမျိုးမှာကူးချင်တာ "

"ဒီနေ့ပိတ်ရက်လေ အိမ်မှာမနေပဲ လျှောက်သွားမလို့လား"

"ခဏလေးပါ ပိုပိုလည်းအားတုန်း ချိန်းထားတာ"

မဖြစ်သေးပါဘူးနောက်ဆို အိမ်မှာ ရေကူးကန်ထည့်ပြီး ရေလွှာလျှောပါထည့်ပေးထားရမယ် မဟုတ်ရင်အများသုံးရေကူးကန်တွေညစ်ညစ်ပတ်ပတ်ကို ကူးနေမှာ ဒီကောင်မလေးမရွံဘူးလားမသိ......

တကယ်ကြီးထွက်သွားတဲ့ မယ်မင်းကြောင့် ဒီပါဆီဖုန်းလှမ်းဆက်လိုက်ရတော့သည်....

"ကလေးငယ်က ငါ့ကိုဘာမှမပြောဘူး "

"ပိုပိုနဲ့မယ်မင်းချိန်းတိုင်း ပိုပိုကမင်းကိုဘယ်တုန်းကပြောလို့လည်း"

"ဘယ်ရေကူးကန်လည်းမင်းသိလား ဆက်"

"ငါမမေးမိလိုက်ဘူး ရေလွှာလျှောပါတဲ့ရေကူးကန်လို့တော့ပြောတယ်"

ကျွန်မရဲ့ ရေဒီယိုWhere stories live. Discover now