"ဟယ်လို ငယ် ဘယ်တွေသွားနေတာလဲ"
"သားဂိမ်းဆော့နေတာ မမဟန် စိတ်မပူနဲ့
အိမ်မှာမနေချင်လို့ ""ငါလည်းလာမယ် နေရာပြော
အခုလာခဲ့မယ်""အိမ်မှာဧည့်သည်တွေနဲ့ကို....."
တိမ်၀င်သွားသော အသံလေးဟာ တစ်ခုခုဖြစ်နေတယ်ဆိုတဲ့သက်သေတွေ။ အထက်တန်းတစ်လျှောက်လုံး တူတူနေခဲ့ကြတာ ၊ သွေးတွေလည်းနီးခဲ့သလို စိတ်တွေလည်းနီးခဲ့ကြတယ်။
ဟန်အာလ်ဆူးရဲ့ မှတ်ညဏ်တွေ အလုပ်လုပ်ပုံများတစ်ဖက်က ငယ်လေးရဲ့အသံကြားတာနဲ့ ဘာဖြစ်နေမှန်းသိသည်အထိပဲ။
"နင်ကပိုအရေးကြီးတာ ငါလာပြီ ငယ်လေး
စောင့်နေ"ဖုန်းချလိုက်တော့ လူကြီးတွေအကုန်လုံးက သူမကိုကြည့်လာသည်။ ဦးဂျွန်ဆိုတဲ့ လူလည်းအပါအ၀င်။ဖြစ်နိုင်ရင် ဘာမှမပြောဘဲ လှည့်ထွက်သွားချင်ပေမယ့် ဧည့်သည်တွေအရှေ့ ရိုင်းရိုင်းစိုင်းစိုင်းပြုမူလို့မဖြစ်။
လူက ငယ်လေးရဲ့အသံကြားတာနဲ့ စိတ်တွေ
စိုးရိမ်ပူပန်မိတာ မိုင်ကုန်။ အတတ်နိုင်ဆုံးစိတ်ကိုလျှော့ချကာ လူကြီးတွေကိုပြောလိုက်သည်။"ငယ်လေးက ဆိုင်တစ်ဆိုင်ရောက်နေတာ
ကြည့်ရတာ သူ့သူငယ်ချင်းအဟောင်းတွေနဲ့
မတော်တဆ ပြန်ဆုံကြတယ်ထင်ပါရဲ့
ဟန် ငယ်လေးကို သွားခေါ်လိုက်အုံးမယ်နော်။အပြန် သူစားချင်တာလေးလည်း ၀ယ်ကျွေးအုံးမှာမို့လို့ နည်းနည်းနောက်ကျမယ် အန်တီ""အေးပါ သားလေးက မပြောမဆိုနဲ့ထွက်သွားလို့အန်တီတို့က စိတ်ပူသွားတဲ့အကြောင်းလည်းထည့်ပြောပေးနော် ဟန်"
"ဟုတ်ကဲ့ ဟန် ပြောလိုက်ပါမယ်"
အဆီအငေါတည့်တဲ့ ဟန့်စကားတွေကြောင့်
အန်တီကတော့ ယုံကြည်စွာ ခေါင်းငြိမ့်သည်။
ဦးလေးကတော့ မယုံ။ အစထဲက ဟန့်ကို ဘယ်လိုနေနေမျက်မုန်းကျိုးနေသူမို့ ဟန်လည်း တကူးတကမရှင်းပြနေတော့။ ဘေးလွယ်အိတ်ထဲ ဖုန်းကိုထည့်ကာ ငယ်လေးဆီသွားဖို့ပြင်လိုက်သည်။ သို့သော်...."ဟိုလေ "
"ရှင်"
"စိတ်မရှိရင် ကျွန်တော့်ကိုပါခေါ်သွားပေးလို့ရမလား"
YOU ARE READING
ဦးဂျွန် ( Kookjin )
Fanfictionဒီလမ်းကို ရွေးဖို့ နှလုံးသားတစ်ခုပဲ လိုအပ်မယ် ကလေးငယ်🤎 started - 10.9.22 Ended -March 9,23