🔪2🔪

188 10 0
                                    

Unicode ✅

ယခုမနက်တွင်တော့မီးဖိုခန်းထဲတွင်လူစုံနေကြသည်။အကုန်လုံးကဂျင်ကိုကြည့်ရတာခပ်လန့်လန့်ဖြစ်နေကြသည်။မနေ့ညကကိစ္စကိုဂျင်တစ်ယောက်အခုထိအခဲမကြေနိုင်သေး။

"ဟင်!ကော်ဖီကခါးလိုက်တာ!"

ကော်ဖီကိုတစ်ငုံသောက်ကြည့်အပြီးတွင်ခါးသက်နေသောကော်ဖီအရသာကြောင့်ဘောမ်ဂယူကမျက်နှာလေးမဲ့ကာပြောလာသည်။

ထိုစကားကိုကြားတော့ဒေါပွနေတဲ့ဂျင်တစ်ယောက်အော်ချလိုက်လေသည်။

"မသောက်ချင်ဘူးလား မသောက်နဲ့သွား!"

ဘောမ်ဂယူမျက်နှာလေးမှာတော့ဇီးရွက်လေးတစ်ရွက်သာသာဘဲကျန်တော့သည်ကိုနမ်ဂျွန်းကမြင်တော့အမူအရာတွေနဲ့အဆင်ပြေလားဟုမေးလိုက်လေသည်။

ဘောမ်ဂယူကပြေတယ်ဆိုတဲ့သဘောနဲ့ခေါင်းငြိမ့်ပြလာသည်။

ဂျောင်ဂုမှာလည်းစားနေတဲ့ထမင်းကြော်ကငံတူးနေသည်။

သို့သော်လည်းငံကြောင်းထုတ်မပြောရဲ။

ခုနဘောမ်ဂယူကိုအော်ချလိုက်တဲ့ပုံကလူတောင်သတ်မယ့်ပုံစံနဲ့ပင်။

အကုန်လုံးစားပြီးသောက်ပြီးကြတော့အိမ်ရှေ့ဧည့်ခန်းထဲတွင်သူသူကိုယ်ကိုယ်ဖြင့်ထိုင်ကာTVကြည့်နေကြသည်။

ထယ်ယောင်းကTVကြည့်တာကောင်းကောင်းမကြည့်ဘဲ ဟိုလိုင်းပြောင်းဒီလိုင်းပြောင်းနဲ့လုပ်နေသည်။

အကုန်လုံးကတော့ထယ်ယောင်းအတွက်ဆုတောင်းပေးနေကြသည်။

"ကင်မ်ထယ်ယောင်း! ဘာလို့လိုင်းကိုဟိုလိုင်းပြောင်းဒီလိုင်းပြောင်းလုပ်နေတာလည်း!"

"Myian-Myianae"

တောင်းပန်စကားဆိုပြီးနောက်လိုင်းတစ်လိုင်းကိုအတည်ပြောင်းကာကြည့်နေတဲ့ထယ်ယောင်း။

In Breaking News

👱‍♀️:တနင်္လာနေ့ည 7:45အချိန်တွင်သေဆုံးနေတဲ့ကောင်မလေးတစ်ယောက်ကိုချန်ဂိုရပ်ကွက်တွင်ကင်းလှည့်တဲ့ရဲတစ်ချို့တွေ့ရှိခဲ့ကြသည်။ကောင်မလေးသေဆုံးတဲ့အခင်းမဖြစ်မှီ15မိနစ်အလိုတွင်သံသယဖြစ်ဖွယ်လူတစ်ယောက်ကိုတွေ့ရှိခဲ့ကြကြောင်းထိုရပ်ကွက်ထဲကလူတွေဟာပြောပြခဲ့ကြပါသည်။သေဆုံးသွားတဲ့ကောင်မလေးကလည်းလီအိမ်တော်ကလီဂျယ်ယောင်းဖြစ်ကြောင်းရဲတွေအတည်ပြုပြီးပြီဖြစ်သည်။ယခုလူသတ်သမားကလည်းနာမည်ကြီးအသိုင်းအဝိုင်းကလူတွေကိုဘဲသတ်ဖြတ်နေကြောင်း။

Who's The Killer (Complete) Tahanan ng mga kuwento. Tumuklas ngayon