ကိုယ့်နားထဲမှာ သီချင်းသံအစားကိုယ်တို့ လေးယောက်ရဲ့ ရယ်မော သံတွေကိုပဲပြန်ကြားရတယ်။
အတိတ်က အမှတ်တရ‌အဟောင်းတွေကိုပြန်တွေ့ချင်လာတိုင်းပစ္စည်းအဟောင်းတွေဆီမှာရှာဖွေရတယ်။

အခွင့်ရှိခဲ့ရင်ပေါ့

ခါးသိမ်သိမ်လေးကိုဖက် ဗိုက်ချပ်ချပ်ကလေးဆီမျက်နှာအပ်ပြီး

မင်း ကို ဘယ်လောက်ထိမေတ္တာသက်ဝင်ကြောင်း နှစ်ကိုယ်ကြားလေး တိုင်တည်ချင်သေးတယ်။

မပြုံးရဘူး။ကိုယ်စိတ်မထိန်းနိုင်ရင် နမ်းမိသွားမှာစိုးလို့။အလွမ်းတွေသိပ်များနေပြီလေ ညီ ရယ်။

ဒီဦးလေးကြီး ဘယ်လိုစကားတွေပြော
နေပါလိမ့်လို့ ညီကတော့ တွေးနေမှာပဲနော်။
တကယ်လည်းကိုယ်က ဦးလေးကြီးအရွယ်ပဲပါ။

ဪ ဦးလေးကြီးဆိုမှ ကိုယ်သတိရတယ်။
ဖက်ထုပ်ဆိုင်က ဦးလေးကြီးတောင်
လူကြီးရောဂါနဲ့ဆုံးပါးသွားခဲ့ပြီညီ။ ညီတို့ တွေ့ဖြစ်ကြလား
မသိပေမဲ့ ညီ့သတင်းကြားကြားချင်း
တော်တော်လေးစိတ်မကောင်းဖြစ်သွားရှာတယ်။
ညီမရှိတော့ဘူးဆိုတာ သိပြီးနောက်ပိုင်း
ဘောလုံးပွဲတွေ မကြည့်ဖြစ်ဘူးတဲ့။
ဘောလုံးပွဲရှိတဲ့နေ့ဆို
ဆိုင်က ပလပ်စတစ်ခုံလေးမှာ နာရီဝက်
တစ်နာရီလောက် လာထိုင်နေတတ်တယ်။
ပြီးရင် သူ့ဆိုင်သူပြန်သွားတော့တာပါပဲ။

တဖြေးဖြေးနဲ့ တစ်ကိုယ်တည်းရှင်သန်လာရင်းဦးလေးကြီးဟာ ဘောလုံးပွဲ ကြိုက်တာလား။
ညီနဲ့ငြင်းခုံချင်တာလား ဆိုပြီးတော့သိချင်လာမိတယ်။
အထီးကျန်ဆန်တဲ့ အိုမင်းခြင်းတွေမှာ
လူတွေက တစ်စုံတစ်ခုကို လိုအပ်လာကြတယ်။
ရေဒီယိုက အသံဖြစ်ဖြစ်၊လမ်းထဲက ကလေးတွေရဲ့ ဆော့ကစားဆူညံသံတွေဖြစ်ဖြစ်ပေါ့။
နောက်ပြီး တိရိစ္ဆာန်တွေနဲ့သာမက သက်မဲ့တွေနဲ့ ပါ စကားပြောတတ်တဲ့ ညီ့ကို ပိုပြီးနားလည်ရတယ်။

သာမန်လူတစ်ယောက်လို
ပုံမှန်အတိုင်းလေး နေထိုင်ရင်း
ရူးမတတ်အလွမ်းပိုးကိုက်ခဲတဲ့နေ့တွေမှာ
ညီ့ နောက်ကို လိုက်လာခဲ့ဖို့ မကြာခဏ
တွေးခဲ့ဖူးပါတယ်။ဒါပေမဲ့
ဂျောင်ကုကို တစ်ယောက်တည်းမထားခဲ့ရက်တဲ့စိတ်က
ကိုယ့်ကို တားဆီးခဲ့တာ အကြိမ်ကြိမ်ပဲ။
နက္ခက်တွေမစုံတော့တဲ့ ကိုယ့်ကမ္ဘာမှာ
အဲ့ဒီကလေးက ကိုယ့်အတွက် တော့
အသက်ကယ်ဆေးပါပဲ။

Anchor in the heartWhere stories live. Discover now