အခန်း (၃၆) Zawgyi

Start from the beginning
                                    

"တာရာ.....တာရာ ကိုယ့်ဘက်ကို လှည့်ကြည့်ပါဦး"

ဒီအသံမျိုး သူ့ဆီက သူမအတွက်တခါမှမကြားခဲ့ဖူးဘူး။ ချိုသာတာထက် နူးညံ့နွေးထွေးပီး ကြင်နာမှုတွေပြည့်ဝနေတာ တော်ရုံမိန်းကလေးသာဆို ပစ်ကြွေဆင်းလောက်သည်။ သူမကတော့ ဆန်းကျင်ဘက်ပင်။ တာရာဆိုတာလဲ သူ့နှုတ်ခမ်းက သူမနာမည်ကိုခေါ်တာ ပထမဦးဆုံးပင်။

"တာရာ.....အိမ်မှာ သားလေးက စောင့်နေတာ ကိုယ်တို့ သားဆီတူတူပြန်ကြရအောင်နော်"

အိမ်.....သား.....ရီချင်စရာကြီး သူမအတွက်တော့။ အဟင်း....ဆိုပီးပင်အသံထွက်ကာ ရယ်မိသေးသည်။

"ကျမမှာ အိမ်ဆိုတာလဲမရှိဘူး သားဆိုတာလဲ ကျမ စွန့်လွှတ်ထားခဲ့ပီးသား အဲ့တော့ အဲ့အရာတွေက ကျမနဲ့ ဘာမှမဆိုင်ဘူး ကျမကို လွှတ်လပ်ခွင့်ပေးပါတော့"

ငိုသံမပါပေမယ့် ဝမ်းနည်းကြေကွဲနေတဲ့အသံဆိုတာ မဟာ ကောင်းကောင်းသိသည်မလို့ သူမပုခုံးနှစ်ဖက်ကိုဆွဲကာ အတင်းဖက်ထားမိတော့သည်။ သနားလိုက်တာ သူ့ကြောင့် မိန်းကလေးတယောက် ခုလောက် နာကျင်ခံစားနေရတာ သူ့ကိုယ်သူခွင့်မလွှတ်နိုင်ပေ...စိတ်ထဲလဲအတော်မကောင်း။ သူဖက်ထားတော့ ပထမတော့ ရုန်းမယ်ကန်မယ်မှတ်နေသေး....သူမကတော့ တစက်မှမလှုပ် ငူငူငိုင်ငိုင်နှင့်ပင်...သို့သော် သူ့ကိုကြည်ဖြူမည်မဟုတ်တာတော့ ကျိန်းသေသိသည်။ သူ အားရအောင်ဖက်ပီးကာမှ သူမကို အနားက အသာခွာပီး သူမမျက်နှာကို နီးနီးကပ်ကပ်ကြည့်လိုက်တော့ သူ့ကို ခံစားချက်မဲ့နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတဲ့သူမကို တွေ့လိုက်ရသည်။

"ကိုယ့်ကို အပြစ်တင်ရိုက်နှက်ပါလားကွာ မင်းစိတ်ကျေနပ်တဲ့ထိ ကြိုက်သလိုလုပ်ပါကွာ အဲ့လိုကြီးတော့မနေပါနဲ့"

သူဘာပြောပြော သူမက သူ့ကို တခွန်းမှ ပြန်မပြောပေ ငူငူကြီးသာကြည့်နေလေသည်။ သူလဲဘာဆက်ပြောရမှန်းမသိ သူမကိုပဲ တောင်းပန်တဲ့မျက်လုံးတွေနဲ့ကြည့်နေရာမှ....နှစ်မိနစ်....လေးမိနစ်လောက်ခန့်မှာတော့ စေ့ထားတဲ့သူမနှုတ်ခမ်းတွေ လှုပ်ရှားလာသည်။

"ကျမက ဘယ်သောအခါမှ ရှင့်လက်က လွတ်မြောက်မှာလဲ....ရှင့်လက်ကလွတ်မြောက်ဖို့ ကျမ ဘာတွေ ထပ်ပေးရဦးမှာလဲ....."

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now