အခန်း (၃၅)

13.5K 582 294
                                    

"ဟဲ့.....video အသစ် အသစ်တော့ ဟိဟိ"

တာရာ ခပ်လှမ်းလှမ်းစားပွဲက ရုံးသမလေးတွေ စုစု စုစုနဲ့ပြောနေတာကို ကြားပါတယ်။ ကိုယ်လုပ်စရာရှိတာပဲ လုပ်ပီး လူတွေနဲ့ မေးထူးခေါ်ပြောရုံသာရှိတာမလို့ ရုံးထဲက သူတွေနဲ့ သိပ်မခင်တာမဆန်း။ အင်း....ရောက်လာတာ ၁ နှစ်တောင်ရှိနေပီ ရုံးတွင်းမှာ သိရုံသိတဲ့သူတွေချည်းပဲ တိုင်ပင်ဖော် တိုင်ပင်ဖက် သူငယ်ချင်းဟူ၍ မရှိ...မရှိတာထက် ဘယ်သူနဲ့မှ ပတ်ပတ်သတ်သတ်မလုပ်ချင်တော့တဲ့ သူမရဲ့စိတ်ကြောင့်သာဖြစ်သည်။

"တာရာ......ထမင်းစားမယ်လေ"

အဝေးမှာထိုင်ကာ ကိုယ့်အာရုံနဲ့ကိုယ်အလုပ်ပဲလုပ်နေတဲ့သူမ ထမင်းစားချိန်ကိုပင်မေ့နေတော့ လက်ထောက်မန်နေဂျာအမခေါ်မှ file တွေပိတ် လက်စသတ်စရာရှိတာသတ်ပီး ထမင်းချိုင့်လေးယူကာ ထမင်းစားကြမည့်နေရာကို လာခဲ့တော့သည်။ ကျန်တဲ့အချိန်တွေ tea time တွေမှာသာရှောင်လို့ရရင် ရမယ် ထမင်းကတော့ တချိန်ထဲတူတူစားကြတာမလို့ ရှောင်မရ။ အပြင်ထွက်စားကြတာလဲ ယောက်ျားလေးတွေသာ အပြင်ထွက်စားကြတာဆိုတော့ သူမကလဲ ရောထွေးပီးလိုက်မသွားချင်တာနှင့် သူတို့နဲ့တူတူပဲစားရတော့သည်။

".....မားမား ရာရာ....သားသားဆီပြန်လာခဲ့ပါ သားသား မားမားကို လွမ်းတယ် ချစ်တယ်"

ထမင်းစားဝိုင်းထဲမှာ ထမင်းစားရင်း စကားပြောကြသူတွေ ဖုန်းကိုင်ကြသူတွေများတာမလို့ အသံတွေက ဘယ်က ဘယ်လိုတွေ ဘယ်သူ့ဆီကထွက်နေမှန်းမသိ။ သို့သော်.....ထို ရင်းနှီးနဲ့အသံလေးနဲ့ တပိုင်းတစ စကားလေးတွေကိုတော့ ကြားဖြစ်အောင်ကို ကြားလိုက်မိသည်။ ကြားကြားချင်းပဲ ရင်ထဲနင့်သွားကာ ထမင်းခပ်လက်စဇွန်းပင်ရပ်သွားသည်။

"တာရာ.....တာရာ....."

"ဟင်.....မမ"

ဘေးမှ လက်ထောက်မန်နေဂျာ မသူဇာခေါ်နေတာကိုပင် မကြားလောက်တဲ့ထိ သူမ တွေဝေငေးငိုင်သွားမိသည်။ ဒီအသံလေးက သူမ သိပ်ကိုရင်းနှီးတဲ့အသံလေး မကြားရတာ နှစ်ချီရှိပီဖြစ်တဲ့အသံလေးဆိုပေမယ့် သူမမမေ့။ သူမအ​တွေးကတော့ တခြားရောက်နေပေမယ့် မမသူဇာကို ပြန်ဖြေလိုက်သေးသည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now