စတဲ့ လူတွေရဲ့ တီးတိုးစကားသံတွေကို သူတင်မဟုတ် သူမလဲ ကြားမှာကျိန်းသေတယ်။ ဒီအချိန် ထိုလူတွေဘက်လှည့်ပီး ဒါ ကျတော့်မိန်းမ ဘယ်သူမှမထိနဲ့ ဘာမှမပြောနဲ့ပြောရအောင်လဲ အဲ့လိုမဏ္ဍပ်တိုင်တက်ပြလို့မရသေး....အဲ့အတွက်အချိန်လဲမရှိ ဟိုက ဘယ်ချိန်ထွက်ပြေးမလဲ မသိနိုင်တာမလို့ သူ့အာရုံတွေကို သူမဆီပဲအကုန်ပေးထားရသည်။
*ဟင်......*
တာရာ ရုတ်တရက် အားပြင်းပြင်းနဲ့လက်တစုံက တနေရာကို ဆွဲခေါ်သွားတာမလို့ သူမ မလိုက်ချင်ပေမယ့်လဲ အားချင်းမမျှတာကြောင့် အပြေးတပိုင်းနဲ့လိုက်လာရသည်။
"ဦးနေမင်းမဟာ....ကျမလက်ကိုလွှတ်....ခုလွှတ်"
မဟာ တလမ်းလုံး သူမရဲ့ အသံခပ်အုပ်အုပ်ကိုလဲ ကြားသည်။ သူမရုန်းနေတာလဲသိသည်။ သို့သော် ကားပါကင်က သူ့ကားဆီရောက်ဖို့သာပဲ အတင်းဆွဲခေါ်လာခဲ့သည်။ မတတ်နိုင်ဘူးလေ ပီးမှ သူ့ကို ရိုက်ရိုက် ကိုက်ကိုက် ကြိုက်တာလုပ်ပေတော့။ သူ ဟိုတလောက ဖက်စပ်လုပ်ဖို့ သူ့လက်အောက်ကို ဝင်လာတဲ့လုပ်ငန်းကို သိပ်သဘောအကျကြီးမဟုတ်ပေမယ့် ဒယ်ဒီ့ဆရာရဲ့သမီးတောင်းဆိုမှုကြောင့် လက်ခံလိုက်ရသည်။ ကံကောင်းသည်ပဲပြောရမလားပဲ ဒီတရက်လေး သူ ဘာရယ်မဟုတ် ဝန်ထမ်းတွေအလုပ်လုပ်ပုံကို လေ့လာကြည့်မလို့ဆိုပီး ဒီအလုပ်ကိုလာတာ ဒီနေ့ပထမဆုံး။ ရောက်ရောက်ချင်း အဝေးကနေ မြင်လိုက်ရတဲ့ပုံရိပ်လေးကြောင့် စိတ်ထဲထင့်သွားတာနဲ့ မောင်စိုးကို ချက်ချင်းစုံစမ်းခိုင်းလိုက်တော့ ထင်တဲ့အတိုင်း မျှော်လင့်ထားတဲ့အတိုင်းပင်။ သူကြားကြားချင်း လက်တွေဘာတွေတုန်တဲ့ထိဖြစ်သွားရသည်။
ဂျိန်းးး
"ကဲ ပြော မင်းပြောချင်တာပြော အော်ချင်လဲအော် ကိုယ့်ကို ရိုက်ချင်လဲရိုက် ကိုက်ချင်လဲကိုက် မင်းကြိုက်တာလုပ်ကွာ"
သူမကို ရုံးထဲကနေ အတင်းဆွဲခေါ်လာပီး ကားပေါ်အတင်းထိုးထည့်ကာ လော့ခ်ပါ တခါထဲတန်းချလိုက်တဲ့ ထိုလူ့ကို တာရာ မုန်းတီးစိတ်အပြည့်နဲ့ ကြည့်မိလိုက်သည်။ အရာရာ သူ့သဘော သူ့ဆန္ဒအတိုင်းတွေပဲ လုပ်နေရအောင် တခြားသူတွေအတွက် စိတ်ဆန္ဒတွေရှိတယ်ဆိုတာကော သူသိသေးရဲ့လား။ သူမ သူ့ကို စိတ်ပျက်လက်ပျက်နဲ့ တချက်ကြည့်ပီး တဖက်ကိုလှည့်လိုက်သည်။ သူမဟိုဘက်ကိုလှည့်လိုက်မှ သူမ လက်တဖက်ကို ရုတ်တရက် ညင်ညင်သာသာ ဆုတ်ကိုင်လာတဲ့ သူ့ရဲ့လက်တစုံ....ကားပေါ်ဆိုတော့ သူမအတင်းရုန်းလဲ အချည်းနှီးပင်မလို့ ငြိမ်နေလိုက်ရသည်။ အားကိုမလိုတဲ့နေရာသုံးနေရအောင် သူမ မရူး....တကယ် သူမအားသုံးရမယ့်နေရာကျမှ ပင်ပန်းနေလိမ့်မည်။
YOU ARE READING
အချစ်တွေအမုန်းတွေရဲ့ အလွန်.....
အခန်း (၃၆) Zawgyi
Start from the beginning