အခန်း (၃၅)

Começar do início
                                    

"တာရာ့ကို မြို့ကရုံးကို transfer လုပ်ပေးမလို့တဲ့"

"ဟင်...."

မြို့ကရုံးဆိုမှသူမ အတွေးတွေက မမသူဇာ့ဆီလုံးဝပြန်ရောက်လာသည်။ ဟင့်အင်း.....သူမပြန်မသွားချင်ဘူး။ ဖြစ်နိုင်ရင် ဒီနိုင်ငံတွင်းကနေတောင်ထွက်သွားချင်နေတာ ကိုယ်မတတ်နိုင်သေးတဲ့ကာလမလို့ နယ်ဘက်မှာ အခြေချလာတာ တနှစ်တင်းတင်းပင်ပြည့်နေပီ....အရာရာတည်ငြိမ်နေပီးတော့မှ မြို့ကြီးထဲတော့ ပြန်မသွားချင်။ သူ အိပ်မက်ဆိုးတွေကနေ မနိုးထရလဲနေပါစေတော့။

"ဟုတ််တယ် တာရာ.....အထက်က စာကျလာပီ နောက်တပတ်ထဲသွားရမှာ ပြင်ထားတော့နော်"

"မမသူဇာ ကျမ မသွားလို့မရဘူးလားဟင် ကျမ ဒီမှာပဲ ဆက်လုပ်ချင်ပါတယ်"

သူမ စကားကြောင့် ထမင်းစားဝိုင်းထဲကသူတွေ သူမကို အထူးအဆန်းသဘောနဲ့ ဝိုင်းကြည့်ကြသည်။ အေးလေ ထူးဆန်းနေမှာပေါ့.....မြို့ထဲက ရုံးကိုပြောင်းဖို့က နယ်က ဝန်ထမ်း​တွေတိုင်းရဲ့ အိပ်မက်ပဲမလား.....မြို့ကြီးပြကြီးမှာလဲနေရမယ်... လစာကလဲ တိုးဦးမယ်....နေစရိတ် စားစရိတ်တွေကလဲအသားတင်ရဦးမယ်ဆိုတော့ လူတိုင်းက တနှစ်တခါ မြို့ထဲပြောင်းရမယ့်စာရင်းထဲပါချင်ကြတာမဆန်း။ ခု သူမအလှည့်ကျမှ ဝမ်းမသာတဲ့အပြင် ချက်ချင်းကိုထငြင်းတော့ အကုန်လုံးက ဘာလားဆိုပီးဖြစ်ကုန်တာပေါ့။

"ဘာလို့လဲ တာရာ.....မြို့ထဲကရုံးက ဒီ့ထက်အဆပေါင်းများစွာ တာရာ့အတွက် အခွင့်အလန်းတွေရမှာလေ တာရာ ကျောင်းတက်ဖို့ကိုလဲ စဥ်းစားပေးမှာတဲ့"

" ကျောင်း......"

ကျောင်းဆက်တက်ဖို့ဆိုတဲ့စကားကြားမှ တာရာ မသွားချင်ဘူးဆိုတဲ့အတွေးကို ပြန်တွေဝေမိသွားသည်။

"အင်းလေ တာရာရယ်.....ဒီမှာဆို နယ်မြို့ဆိုတော့ ကျောင်းဆက်တက်ဖို့က ခက်မှာ"

"ကျမ.... ကျမ မတက်တော့ပါဘူး မမသူဇာရယ် ဒီမှာပဲ ဆက်နေတာ အဆင်ပိုပြေပါတယ်"

ဟုတ်တယ်....ကျောင်းဆက်မတက်ရလဲ ကိစ္စမရှိတော့...အရာရာအတွက် သူမလက်လျှော့ အရှုံးပေးထားတာကြာပီမလား။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Onde as histórias ganham vida. Descobre agora