"မောင့်ဆီကရတဲ့ ရေမွှေးနံ့က တခြားနေ့တွေနဲ့ မတူလို့''

"ဪ..အဲ့တာက မောင်ကအပြင်ကနေပြန်လာတာလေကွာ အဲ့တော့ အပြင်ကအနံ့တွေ စွဲလာတာဖြစ်မှာပေါ့''

မောင် မကိုလိမ်ပြန်ပြီ

"အင်းပါ ဟုတ်ပါပြီ မောင်ပြောသလိုပဲပေါ့''

မ သူပြောတာကို မယုံမှန်း ထိုက်သိပါသည် ဒါပေမဲ့...

"ဒါဆိုမောင် ရေသွားချိုးလိုက်တော့မယ်နော်''

"အင်း''

အခန်းအတွင်း ရေကျသံများ တတောက်တောက်မြည်နေလေပြီး အသက်ရှူသံ သဲ့သဲ့လေးကို မပီမပြင် ကြားနေရလေသည် ခန္ဓာကိုယ်မှာရေဇလားထဲတွင် စိမ်ဝင်နေပါသော်လည်း အသိစိတ်တို့ကား အတွေးကမ္ဘာထဲသို့ ခနတာခရီးထွက်နေမိလေသည်

ထိုက်အနေနဲ့ အမှန်တကယ်ပြောရရင် ရှင်းမေးလိုက်သော မေးခွန်းအတွက် အဖြေမရှိခဲ့ပါ

'သူမသိဘူး' အဲ့လိုဖြေခဲ့လိုက်တာက မ အပေါ်မကောင်းဖြစ်သွားမလား သူမကိုချစ်တယ် ဒါပေမဲ့ ရှင်းကိုလည်းမေ့မရနိုင်ဘူး

တခါတလေရှင်းနဲ့အတူရှိနေတဲ့ အချိန်တိုင်း မကိုမေ့သွားတတ်တယ် ရှင်းနဲ့ပဲသာယာနေမိတာ ရှင်းနဲ့ကျနော်က ဘာမှမဆိုင်ဘူးဆိုတာ ဟုတ်တယ် ဒါပေမဲ့ ကျနော်အနှစ်နှစ်အလလ
သဘောကျခဲ့ရတဲ့ မိန်းကလေးတစ်ယောက် ပြီးတော့ ကျနော့်အချစ်ဆုံး သူငယ်ချင်းလေ...သူငယ်ချင်းထက်လည်း ပိုခဲ့မိမယ်ထင်တယ်

ပိုင်ရှင်ရှိနေပြီးပြီဖြစ်တဲ့ ကျနော်ကအခုလိုတွေ တွေးနေတာ ကျနော်မှားနေတယ် ဆိုတာကို သိပေမဲ့ ကျနော်ဆက်မှားချင်နေမိတယ်

သို့ပေမဲ့ ကျနော့်ကိုအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတတ်တဲ့ မကိုလည်း ကျနော်မစွန့်လွှတ်နိုင်ဘူး..

"မောင် ရေချိုးတာအတော်ကြာနေပြီနော် အအေးပက်တော့မယ် မပြီးသေးဘူးလား''

မရဲ့ပြောသံကြောင့် အတွေးများလက်ရှိအချိန်များသပြန်လည်ခရီးဆိုက်လာလေသည်

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now