'ဝမ်ကျယ့်အသက်နှစ်ဆယ်ပြည့်တဲ့နေ့ကျရင် မျိုးနွယ်စုခေါင်းဆောင်အဖြစ်တာဝန်လွှဲပြောင်းပေးမယ် ပြီးတော့အဲ့ဒီနေ့မှာပဲဆရာလေးနဲ့ဝမ်ကျယ့်ကိုလက်ဆက်ပေးမယ်'

လွန်ခဲ့တဲ့တစ်နှစ်၊သေချာအောင်ပြောရရင်မျိုးနွယ်စုထံရှောင်းကျန့်တို့မေတ္တာရေးကိုချပြဝန်ခံပြီးမကြာခင်မှာပဲပြောခဲ့တဲ့အကြီးအကဲလုံအာရဲ့စကားကြောင့် ရှောင်းကျန့်ဒီကိုရောက်နေခဲ့တာ။ အတိအကျဆိုရင်ဒီနေ့ကဝမ်ရိပေါ်နဲ့ရှောင်းကျန့်လက်ထပ်မယ့်နေ့။ မျိုးနွယ်စုခေါင်းဆောင်လောင်းလျာလေးလည်း တရားဝင်မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာတော့မယ်။ ရှောင်းကျန့်လည်းဒီမျိုးနွယ်စုထဲကိုတရားဝင်ခြေချရတော့မယ်။ တသိမ့်သိမ့်ကြည်နူးရတယ်ဆိုတာဒီလိုမျိုးနဲ့တူပါရဲ့။ လက်မထပ်ရသေးတာကြောင့် တစ်နေရာဆီအိပ်ရတာတောင်မှရှောင်းကျန့်မှာရင်ခုန်လွန်ပြီးကောင်းကောင်းတောင်အိပ်လို့မပျော်။ ကာလသားစုရပ်မှာသွားအိပ်တဲ့တိုင်းရင်းသားကောင်လေးကတော့ဘယ်လိုနေမလဲမသိ။

မဂ်လာပွဲအတွက်စီစဥ်နေကြတဲ့လူတွေကိုကြည့်ရင်း ရှောင်းကျန့်ပြုံးနေမိတာမရပ်တော့ပါဘူး။ ဖူးစာမှန်တဲ့အခါမြေပြန့်ကနေလွင့်လာတဲ့ပုဝါလေးတစ်စကို တောင်ပေါ်သားလေးကသေချာဖမ်းဆုတ်နိုင်ခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာရှိရာအရပ်ဟာအိမ်ဖြစ်တာမို့ ချင်းလုံဟာရှောင်းကျန့်အတွက်နားခိုရာ၊ခိုလှုံရာအိမ်ကလေးတစ်လုံးပါပဲ။ ပါးပါးနဲ့မားမားက ရှောင်းကျန့်တို့လက်ထပ်ကြတော့မယ့်အကြောင်းကိုသိပေမယ့် ပါးပါးရဲ့ကုမ္ပဏီကိစ္စတွေကြောင့်မလာနိုင်ပါဘူး။ ဒါကိုမားမားကစိတ်မကောင်းဖြစ်နေပြီးတဖွဖွတောင်းပန်နေပါသေးတယ်။ ကိစ္စမရှိကြောင်း၊ နောက်ကျမှလာခဲ့လည်းရကြောင်းရှောင်းကျန့်ကသေချာပြောမှသာစိတ်လျှော့သွားတာ။

"ဆရာလေး အကြီးအကဲကရိုးရာဝတ်စုံလဲဖို့ပေးခိုင်းလိုက်ပါတယ်"

ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေတုန်း မိန်းကလေးတစ်ယောက်ကရိုးရာဝတ်စုံလာပေးတယ်။ မနက်မိုးလင်းစရှောင်းကျန့်နိုးတည်းက 'အကြီးအကဲလောင်းလျာရဲ့ကြင်ယာဖက်မို့ဘာအလုပ်မှမလုပ်ရဘူး'ဆိုတဲ့အကြီးအကဲရဲ့စကားကြောင့် ရှောင်းကျန့်ကဘာမှမလုပ်ရဘူး။

Light Of The 'YuLong' [Complete]Where stories live. Discover now