မျက်ရည်တွေကိုလက်ခုံနဲ့သုတ်နေသည့်ကလေးငယ်ရဲ့စိတ်တွေက အဲ့သည်လိုပဲ။ နူးညံ့ပြီးထိလွယ်ရှလွယ်။ ဘယ်တော့မှ တစ်ဖက်သားနာကျင်မှာကိုလည်း မလိုလား။ ဘယ်တော့မှပဲ။

“ကဲပါ။ ထားပါတော့ မငိုနဲ့တော့နော်
ဦးဂျွန်တို့ တံတားပေါ်သွားကြမယ်”

ရှိုက်သံတွေနဲ့ ရက်စွဲတွေသည် ဘယ်သောအခါမှမရိုး။ ‌ငိုနေတဲ့ကလေးကို ချော့ဖို့အတွက် ဦးဂျွန်သည်ချော့နေကြ နေရာလေးဆီ ‌‌ချီခေါ်လာခဲ့ပါတော့သည်။

“နောက်တစ်ခါ ပစ္စည်းတွေယူရင် ဆရာမနဲ့တိုင်”

“ဟင့်အင်း ဦးဂျွန်နဲ့ပဲတိုင်မှာ”

“မရဘူးလေ ဦးဂျွန်နဲ့တိုင်ရင် ဦးဂျွန်က သူ့ကိုသွားအပြစ်ပေးလို့မှ မရဘဲ”

“ဒါပေမယ့် ဦးဂျွန် သားကိုချီတယ်လေ”

အများနဲ့ဆို ငြိမ်နေကျ ကလေးလေးဟာ ဦးဂျွန်နဲ့ဆိုဘယ်တော့မှ မငြိမ်သက်။ ‌ငိုလာတိုင်း ချော့နေကြတံတားအရှည်ကြီးဆီ ချီလာရင်း မျက်ရည်တွေကိုဦးဂျွန်အင်္ကျီနဲ့ ကပ်သုတ်နေပါသေးသည်။

တံတားအစပ်ကိုရောက်တော့ ချီထားတဲ့လူကိုချကာနှစ်ယောက်သား လမ်းလျှောက်ဖို့ပြင်သည်။လေစိမ်းအနည်းငယ်တိုက်လို့ ဦးဂျွန်က သူ၀တ်ထားတဲ့အပေါ်ထပ်ကိုချွတ်ပေးတော့....

“မ၀တ်တော့ဘူး အစောက မျက်ရည်တွေနဲ့နှပ်တွေသုတ်ထားမိတယ် ဟီးး”

ကလေးငယ်သည် အဲ့သည်လို။ အနိုင်ယူခြင်းမဟုတ်တဲ့ ခေါင်းစဉ်တွေနဲ့ ၁၉နှစ်သားကို အမျိုးမျိုးအနိုင်တွေယူ ဗိုလ်တွေကျနေခဲ့တာ။ ၁၉နှစ်သားဟာလည်းဒါကိုကျေနပ်ကာ ပျော်ရွှင်နေသည်။ ဘော်ဒါတွေနဲ့ဂိမ်းဆိုင်ရောက်နေရမည့် အရွယ်တွေမှာ လမင်းလေး
နဲ့သာ အချိန်တွေဖြုန်းနေခဲ့မိသည်။ စာလုပ်ဖို့ဆိုအဝေးတကာ့အဝေးဆုံး။

“အမြဲတမ်း ငိုငိုလာတယ် တစ်ခါလောက်
သူတို့ကိုပြန်ချခဲ့ပါလား”

တံတားလက်ရန်းပေါ် ပွေ့တင်ရင်း ဖက်ထား‌တဲ့အခါကလေးငယ်က ပြုတ်ကျမှာကြောက်လို့ ဦးဂျွန်လည်တိုင်တွေကို တွယ်ကပ်လာသည်။ သန်မာတဲ့
ဦးဂျွန်လက်နှစ်ဖက်ဟာ ကလေးလေးရဲ့ကျောကိုချုပ်နှောင်ကာ လေပင်တိုးမရအောင် မျက်နှာလှလှလေးသည် ရင်ခွင်နဲ့ အနီးဆုံး။

ဦးဂျွန် ( Kookjin )Where stories live. Discover now