Story 10

2.2K 136 11
                                    

Unicode
................

လရိပ်ချိုကို အိမ်ရှိလူများအားလုံးနဲ့ မိတ်ဆက်အပီး အိမ်အပေါ်ထပ်သို့ခေါ်သွားလေသည်။ မင်းစစ်က သူ့ကိုသေချာတွဲခေါ်လာသည်မို့ လရိပ်ခဗျာအနေရကျပ်လှသည်။

အပေါ်ထပ်လျှောက်လမ်းတွေက ရှည်လျားပီးကျယ်ဝန်းလှသည်။ အခန်းနံရံတွေကို ရွှေရောင်နံရံကပ်စက္ကူတွေဖြင့်ပုံဖော်ထားပီး နံရံကပ်မီးလုံးလေးတွေလည်းတပ်ဆင်ထားသည်မို့ လျှောက်လမ်းတစ်ဝိုက် လင်းထိန်လို့နေသည်။

တစ်ခန်း၊နှစ်ခန်းကျော်ပီး သုံးခန်းမြှောက်တွင် မင်းစစ်ကရပ်လိုက်သည်မို့ လရိပ်ချိုပါလိုက်ရပ်မိသည်။ ကျွန်းသစ်တံခါးကို တွန်းဖွင့်လိုက်တော့ မြင်လိုက်ရသည့် အခန်းကျယ်။ အဖြူရောင်နဲ့ မိုးပြာရောင်ကို ရောစပ်ကာသုတ်ထားသည့်အခန်းက ကောင်းကင်ဘုံက တိမ်တွေကြားရောက်သွားသလိုခံစားလိုက်ရသည်။

လရိပ်ချို သဘောကျလွန်းလို့ ပါးစပ်ပင်မပိတ်နိုင်အောင်ဖြစ်နေရသည်။ မျက်မှန်ထူအောက်ကမျက်ဝန်းလေးသည်လည်း အရောင်တလဲ့လဲ့ဖြင့်ဖြစ်နေလေသည်။ လရိပ်ချိုကို အရိပ်တကြည့်ကြည့်ဖြစ်နေသော စစ်သွေးက သူ့အမူအယာကိုအကဲခတ်လို့နေသည်။

'' စ...စပျစ်သီးလေး သဘောကျရဲ့လား''

''ကျွန်တော် ဒီမှာတကယ်နေရမှာလား''

''ဒါပေါ့... ဒါကမင်းရဲ့အခန်းပဲလေ''

''တကယ်ကြီးပေါ့''

''အင်း... တစ်ကယ်မဟုတ်ဘူး ဆယ်ကယ်ဆယ်ကယ်''

'' ကျွန်တော် ဒီလိုအခန်းမျိုးမှာ နေရမယ်လို့မထင်ထားမိဘူး... ကျွန်တော်အရမ်းပျော်တာပဲ... ''

ဟုပြောရင်း ကုတင်အနားဆီသို့ပြေးသွားတော့သည်။ ကုတင်ကမိုးပြာရောင် ခြုံစောင်ကြီးတစ်ထည်ခင်းထားပီး အိပ်ရာခင်းကအစ မိုးပြာနုရောင်ပင်။ ကုတင်ကြီးက ကျယ်လွန်းလှ၍ နှစ်ယောက်ပင်အိပ်လို့ရသည်လေ။

လရိပ်ချို ခုန်ပေါက်ပီး ကုတင်နားသို့ပြေးသွားသည်မို့ မင်းစစ်ခဗျာ ရင်တမမနဲ့ လိုက်ထိန်းရသေးသည်။

''စပျစ်သီးလေး... အရမ်းမပြေးနဲ့လေ။ ''

'' ကျွန်တော်အရမ်းပျော်တာပဲ။ ကျွန်တော့်ကိုယ်ပိုင်အခန်း ရလိမ့်မယ်လို့မထင်ထားဘူး.. အဟိ''

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedWhere stories live. Discover now