"ရှီ...ရှီဟောက်သယ်က နှလုံး... နှလုံးသားမရှိတဲ့အဘိုးကြီး... ယွင်နန်လေးက အသက်ဘယ်လောက်ပဲရှိသေးလို့လဲ...ဘယ်လိုလုပ်ကလေးလေးကို နိုင်ငံခြားမှာ တစ်ယောက်ထဲလွှတ်ထားရတာလဲ... ရှီရှန်းက ငါ့သမီးလေးကို ကောင်းကောင်းမဆက်ဆံဘူး၊ ဘာလို့ ငါ့မြေးလေးကိုတောင် ကောင်းကောင်း မပျိုးထောင်ရတာလဲ..."

"ယွင်နန် ဝမ်အိမ်တော်ထဲ ပြန်လာချင်ဖို့ကိုအချိန် တော်တော်ကြာခဲ့တာ၊ မင်းတို့ ငါနဲ့ ကလေးလေးကို မခွဲကြနဲ့..."

ရှီယွင်နန်တစ်ယောက် လူအိုကြီးဝမ်ပါးစပ်ဖျားမှ ထွက်လာသည့် ဗလုံးဗထွေးစကားတွေကို ကြားရသည့်အခါ သူ့နှလုံးသားလေး ပြောမပြတတ်စွာ ဝမ်းနည်းသွား၏။

လူအိုကြီးဝမ်က ထိုနှစ်မွေးနေ့ပွဲတုန်းက အဖြစ်အပျက်တွေကို ပြောမှန်း သူနားလည်သည်။

ရှီယွင်နန်ဟာ ငယ်ငယ်လေးကတည်းက နိုင်ငံခြားမှာနေခဲ့ရတာကြောင့် ပွင့်လင့်ပြီး တွေးတောဆင်ခြင်တတ်သော်လည်း ပုန်ကန်တတ်တဲ့အကျင့်လေးတော့ရှိသည်။

ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ပွဲအပြီးတွင် သူဘာမှမလုပ်သော်လည်း ဝမ်အိမ်တော်မှာ နာကျင်ခံစားရတယ်လို့ ထင်တာကြောင့် နှုတ်တောင်မဆက်ဘဲ နိုင်ငံခြားသို့ ပြန်လာခဲ့သည်။

လူအိုကြီး ကျန်းမာရေးပြန်ကောင်းလာပြီး၊ ရှီယွင်နန်ဆီ မက်ဆေ့ချ်များ ပို့ခဲ့သော်လည်း သူ့စိတ်နေစိတ်ထားကြောင့် စာမပြန်ခဲ့။ သူဟာ တရုတ်နိုင်ငံမှာရှိတဲ့ ရှီမိသားစုနဲ့ကော ဝမ်မိသားစုနဲ့ပါ အဆက်အသွယ်ဖြတ်ထားခဲ့သည်။

အခုပြန်တွေးကြည့်မှ အဘိုးက ဘာမှားခဲ့လို့လဲ?

လူအိုကြီးရှီ အရိုးထဲကနေ စိမ့်ထွက်လာတဲ့ လျစ်လျူရှုမှု ရက်စက်မှုတွေနဲ့ ယှဉ်ရင် လူအိုကြီးဝမ်က သူ့ကို မပျိုးထောင်ခဲ့ရလို့ အခုအတိုးချပြီး အကောင်းဆုံးကြိုးစားပေးနေခဲ့တယ်။

လော့လင်းရှန်းက ရှီယွင်နန်၏ ငိုချင်သော်လည်း ချုပ်တည်းနေသည့် အမူယာလေးကို တွေ့လိုက်၏။ သို့သော် သူရှေ့သို့မတိုးသွားမီ စိုးရိမ်နေတဲ့ ဝမ်ရိပေကလည်း သူ့ညီလေးပုခုံးကို ပုတ်ပေးကာ နှစ်သိမ့်ပေးလာသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်जहाँ कहानियाँ रहती हैं। अभी खोजें