...

မိနစ်နှစ်ဆယ်လောက်မောင်းပြီးမှာတော့ ကားက အင်ပါယာမြို့ဗဟိုဆေးရုံ၏ ကားပါကင်တွင် ရပ်သွားသည်။

လူအိုကြီးဝမ်မှာ လွန်ခဲ့တဲ့နှစ်ရက်ကတည်းကပင် အသက်အန္တရာယ်မစိုးရိမ်ရတော့သလို၊ သတိပြန်လာလေပြီ။

စုန့်ကျစ်ချိုးရဲ့ အနှောက်အယှက်ကို ရှောင်ရှားရန် ရှီယွင်နန်နှင့် ဝမ်ရိပေတို့က တစ်ဖက်လူမသိခင် အရင်ဆေးရုံကနေ အင်ပါယာမြို့​ဗဟိုဆေးရုံ၏ VIPလူနာဆောင်သို့ ပြောင်းထားခဲ့သည်။

နိုးလာသည့် လူအိုကြီးဝမ်ကို တွေ့ရန် နှစ်ယောက်သား ဓါတ်လှေကားဖြင့်နှစ်ဆယ့်သုံးထပ်သို့ အမြန်တက်လာလိုက်ပြီး လူနာဆောင်ထဲသို့ ဝင်လာလိုက်ကြသည်။

"ယွင်နန် ရောက်လာပြီလား?" ဝမ်ရိပေက ဆေးရုံကုတင်ဘေးရှိ ခုံမှ ထလာပြီး ရှီယွင်နန်ထိုင်လို့ရရန် ဖယ်ပေးလာသည်။ "မြန်မြန်လာ၊ အဘိုး အခုလေးတင်နိုးလာတာ"

ရှီယွင်နန် အမြန်အနားသို့ ကပ်သွားလိုက်သည်။

"ဒီနှစ်ရက်အတွင်း အဘိုးအခြေအနေကော?"

"အားနည်းနေတုန်းပဲ၊ ငိုက်တာနဲ့ တန်းအိပ်ပျော်သွားတတ်တာ။ တခါတလေ အိပ်ယာကနိုးလာရင်လည်း စိတ်က မကြည်သလိုဖြစ်နေသေးတယ်။ ဗလုံးဗထွေးပြောပြီးရင် အိပ်ပျော်သွားကော"

ထိုစကားကိုကြားသည့်အခါ ရှီယွင်နန်က လူအိုကြီး ကုတင်နားသို့ တိုးသွားလိုက်သည်။

"အဘိုး? ကျွန်တော်ယွင်နန်ပါ"

လူအိုကြီးဝမ်က မျက်လုံးလေး ဖွင့်လာ၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် အမြင်ဝါးနေသည့် သူ့မျက်လုံးတွေဟာ မျက်ရည်များပြည့်နှက်သွားတော့သည်။

"ယွင်...ယွင်နန်၊ ငါ့ရဲ့လိမ္မာတဲ့မြေးလေး... သူငါ့ကို မတွန်းလိုက်ပါဘူး...မင်းတို့ သူ့ကို အထင်မလွဲကြနဲ့... အဲဒါ သူ့အပြစ်မဟုတ်ဘူ..သူ့ကို အပြစ်မတင်ကြပါနဲ့..."

ရှီယွင်နန်၏ ကိုယ်လေးမှာ အလိုအလျောက် တောင့်တောင့်ကြီးဖြစ်သွားပြီး သူကမဝံ့မရဲလေးခေါ်လိုက်သည်။ "အဘိုး?"

လူအိုကြီးဝမ်၏ လေသံမှာ အလွန်တိုးညှင်းနေသော်လည်း စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေ၏။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now