အပိုင်း (၅၃)ခ

3K 105 1
                                    

တောင်တွင်းကြီးတိုင်းပြည်သို့ ရောက်ရှိနေသူကတော့ မယ်ညို. . .


မယ်ညိုက သူ၏သခင်မ ဆုဝဏ္ဍဒေဝီကို ကယ်တင်ရန် ဝန်ရှင်တော်၏ ခိုင်းသမျှကို ချို့ယွင်းချက်မရှိ လိုက်လံဆောင်ရွက် ပေးလေသည်။ မိမိ အသက်ကိုပင် ပဓါဏမထားပဲ သူ့သခင်မကို ပြန်ကယ်နိုင်ဖို့အရေး ဝန်ရှင်တော်၏ လက်ကိုင်တုတ်သဖွယ် အမှားအမှန်ကို မသိဘဲ မိုက်တွင်း နက်သည်ထက် နက်လာခဲ့မိလေ၏။

စစ်အင်အား အနည်းငယ်လေးဖြင့် သွားကာ တောင်တွင်းကြီးပြည်ရှိ တစ်ဆယ့်ရှစ်ခေါဘီတပ်ကြီးကို ဖြိုခွင်းပြီး ပြဒါးရှင်လုံးကို လက်ရသိမ်းလာခဲ့သည်။ စစ်မျက်နှာပြင်က ရက်စက်ကြမ်းတမ်းသည်။ သူမတစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်များ ပွစာကျဲနေအောင်ကို ကြမ်းတမ်းခတ်ထန်လာခဲ့ပြီ။

သို့သော် တိဿမင်းကြီးကို လုပ်ကြံရန် နည်းလမ်းကို ဝန်ရှင်တော် တစ်ဦးထဲသာ သိသည်ဖြစ်သောကြောင့် သူမဘာမှ စောဒက မတက်နိုင်ဘဲ ဝန်ရှင်တော် ခိုင်းသမျှအတိုင်း တသဝေမတိမ်း လိုက်နာခဲ့ပါသည်။

လက်နက်တင်လှည်းအတွင်းတွင် လူမသိအောင် တိတ်တဆိတ်ပုန်းခို၍ နန်းတွင်းသို့ ဝင်ရန် လိုက်ပါလာခဲ့ရသည်။ လှည်းအတွင်းတွင် လိုက်ပါလာသောကြောင့် မယ်ခရေချန်ထားခဲ့သော မြို့ရိုးထိပ်က စုန်းသင်္ကေတကို သူမတွေ့လိုက်ပါ။


ဝန်ရှင်တော် ဦးကောင်းကလည်း လက်ထဲကို ပြဒါးရှင်လုံးရသည်နှင့် ဘာကိုမှ မကြောက်တော့ပါ။ မြို့တော်သို့ဝင်သည်နှင့် မင်းကြီးဆီသို့ တိုက်ရိုက်ဦးမတင်တော့ဘဲ သူ၏နေအိမ်အတွင်းရှိ အထူးစီရင်အပ်သော ပန်းပဲဖိုသို့ အရင်သွားလေသည်။

ပန်းပဲဖိုတွင် အသင့်ပြင်ဆင်ထားပြီးသား ကျောက်စီဓါး၏ ဓါးဦးထိပ်ရှိ ကျောက်နေရာတွင် မြုပ်နှံကာ အစီအရင်များ ပြုလုပ်လိုက်လေသည်။

သာမာန်ဓါးများက တိဿကို မသေစေနိုင်သော်လည်း ဂဠုန်ပြဒါးပါဝင်သော ဓါးကိုတော့ တိဿ၏ ခန္ဓာကိုယ်မှ အံမတုနိုင်ပေ။ ထိုပြဒါးလုံး သူ၏ နှလုံးကို ဖောက်ထွင်းမိပါက မီးလောင်ပြာကျ၍ သေဆုံးလိမ့်မည်ဟု ရှေးကျမ်းစာများတွင် ဖော်ပြထားသည်ကို ဝန်ရှင်တော်က ခဲရခဲဆစ် ရှာဖွေ လေ့လာထားခြင်းဖြစ်သည်။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now