ဝမ်ချန်းလန် မူလတန်းရောက်တော့ တယောပြိုင်ပွဲမှာ တစ်ဖက်ပြိုင်ဖက်ကလေးရဲ့ တယောကိုရိုက်ချိုးပစ်ခဲ့တယ်။  အဲ့တုန်းက သူမက 'ကိစ္စမရှိိဘူး၊ မားမှာ ပိုက်ဆံရှိတယ်၊ မားအသစ်တစ်လုံးဝယ်ပေးလိုက်မယ်' လို့ပြောခဲ့တယ်။

နောက်ပိုင်း လူအိုကြီးဝမ်ဒဏ်ရာရပြီး ဆေးရုံတက်ရတော့လည်း၊ ဝမ်ချန်းလန်ရဲ့ လိပ်ပြာမလုံဖြစ်နေတဲ့မျက်လုံးတွေကနေတဆင့် သူမကလေးအပြစ်မှန်းသိခဲ့ပေမယ့်လည်း သူ့ကလေးရဲ့ဂုဏ်သိက္ခာအတွက် မျက်စိစုံမှိတ်ပြီး တူဖြစ်သူရှီယွင်နန်အပေါ် အပြစ်လွှဲချမိခဲ့တယ်။

အမှားအမှန်ကို မခွဲခြားဘဲ အလိုလိုက်ခဲ့တယ်။ အလွန်အကြူး ချီးကျူးခဲ့မိတယ်၊ သူမကသာ ဝမ်ချန်းလန်ရဲ့ အကောင်းအဆိုး စိတ်ကို ဘောင်ခတ်ထားမိခဲ့တာပဲ။

ဘန်းးး

ရုတ်တရက် တံခါးကပိတ်သွား၏။

အမြဲတမ်း သန်မာနေခဲ့သည့် စုန့်ကျစ်ချိုးမှာ နောက်ဆုံးတော့ နောင်တများဖြင့် လွှမ်းခြုံခံထားရပြီး မငိုဘဲ မနေနိုင်တော့။

'မားမားဘွိုင်းလေး ဝမ်ချန်းလန်က သူ့အမေ သူ့ကိုလာထုတ်ပေးမှာကို စောင့်နေမှာပဲ။'

'သားအမိချစ်ခြင်းမေတ္တာတွေကို ထောင်ထဲထိ ဆက်သယ်သွားနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။ အခုချိန်ကစပြီး ဝမ်မိသားစုကို ထပ်ဒုက္ခပေးဖို့ စဉ်းတောင် မစဉ်းစားပါနဲ့'

ရှီယွင်နန်၏ ရက်ရက်စက်စက်စကားတွေဟာ သူမနားထဲ ပဲ့တင်ထပ်နေပြီး နှလုံးသားထဲထိ ဝင်ရောက်ထိုးဖောက်နေတာကြောင့် သူမမှာ အော်ဟစ်ငိုကြွေးမတတ်ပင်။

နောက်ဆုံးတော့ သူမကို ချစ်ခဲ့တဲ့ခင်ပွန်းကို ဆုံးရှုံးခဲ့ရတယ်။ သူမဂုဏ်ယူခဲ့ရတဲ့ အလုပ်ကိုလည်း ဆုံးရှုံးခဲ့ရတယ်။ ငယ်ငယ်လေးကတည်းက သူမပြုစုပျိုးထောင်ခဲ့ရတဲ့ ဝမ်ချန်းလန်ရဲ့ အနာဂတ်လည်း ပျက်စီးသွားရတယ်။

သူမ နောင်တရမိတယ်!

သူမအတွင်းကလီစာတွေကို အစိမ်းလိုက်ဆွဲထုတ်နေသလိုမျိုး နာကျင်ရပြီး သူမအရာအားလုံးကို နောင်တရမိတယ်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now