အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း

Start from the beginning
                                    

လက်ရှိအချိန်၌ ဂိုဏ်းပေါင်းစုံစစ်ပွဲအတွင်း
ဝမ်ရန်အယ်၏ ပြောင်းလဲမှုကြောင့်
သာမန်လူ့လောကသို့ မူလဇာတ်ကြောင်း
တုန်းကထက်ပင် ပိုမိုများပြားသည့်
ဝိဉာဉ်စွမ်းအားများ‌ ရောက်ရှိသွားကြသည်။ထို့အတွက် ဤဆယ့်နှစ်နှစ်အတွင်း
ကျုန်းလီမိသားစု၏ လွှမ်းမိုးမှုနှင့်
အင်အားကြီးမားလာခဲ့သည်။
ခန်းမ၌ လူများ ပျားပန်းခတ်
ရောက်ရှိနေကြသော်ငြား ဝမ်ရန်အယ်နှင့်
ယင်ဟန်ကျန်းတို့ ပြတင်းပေါက်နားရှိ
ထိုင်ခုံကိုရကြသည်။အ‌ကြောင်းအရင်းမှာ
ရှူယန့်ယန့် လာဘ်ထိုးလိုက်ခြင်းကြောင့်ပင်။

၎င်းတို့ ဤနေရာသို့ရောက်လာရခြင်းမှာ
ယနေ့၌ ကျုန်းလီကလန်မှ
သခင်လေးများ စာလာရောက်
ဆွေးနွေးမှာဖြစ်သောကြောင့်ပင်။
ဝေးလံသည့်နေရာဒေသများမှ
စာသင်သားပညာရှိများပါ
ဤဆွေးနွေးပွဲသို့တက်ရောက်
ကြသည့်အတွက်
ဖိတ်စာမပါလျှင် ဝင်ခွင့်မရှိပေ။

ပုံရိပ်ယောင်သုံး၍ လွယ်လင့်တကူ
ဝင်ရောက်နိုင်သော်ငြား ထိုင်စရာ
နေရာရှိမှာမဟုတ်ပေ။ရှူယန့်ယန့်
တံခါးမှူးကို ငွေတုံးတစ်တုံးပေးပြီး
ထိုသူ့လက်ကို အနည်းငယ်
ပွတ်သပ်လိုက်ပြီးသည့်နောက်မှာတော့
အခြေခံအုတ်မြစ်တည်ဆောက်ခြင်း
ကျင့်ကြံဆင့်သာရှိသော တံခါးမှူးမှာ
ရှူယန့်ယန့်ငြှို့ငင်မှုကို မတောင့်ခံနိုင်တော့ဘဲ
အသိစိတ်လွတ်နေဟန်ဖြင့် ငွေတုံးကို
အိတ်ကပ်ထဲ ထည့်လိုက်ကာ
နေရာ လိုက်ပြ‌လေတော့သည်။

ကျုန်းလီကလန်မှ သခင်လေးများ
ရောက်မလာကြသေးသော်လည်း
ထိုင်ခုံတွေ၌ လူအပြည့်‌ဖြစ်နေချေပြီ။
သိုင်းသမားဝတ်စုံဝတ်ထားကြပြီး
ပညာရှိများဝတ်ဆင်သလို
မဝတ်ထားသည့် ဝမ်ရန်အယ်နှင့်
ယင်ဟန်ကျန်းတို့ နေရာကောင်း
ရထားခြင်းကို လူအချို့တွေ့သောအခါ
လာတိုက်ခိုက်ကြတော့သည်။

လက်သီးထိုးတိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ
ကဗျာပြိုင်ရွတ်ဆိုရန် စိန်လာခေါ်ခြင်းပင်။
ဝမ်ရန်အယ်နှင့် ယင်ဟန်ကျန်းတို့ဟာ
ရိုက်နှက်တိုက်ခိုက်ရာတွင် အခြားသူများကို
လွယ်လင့်တကူအနိုင်ယူနိုင်သော်ငြား
ကဗျာရွတ်မည့်အကြောင်းကြားသောအခါ
အလိုလို မျက်မှောင်ကြုတ်မိသွားသည်။
ကဗျာရွတ်ဆိုသံဟာ ၎င်းတို့အတွက်မူ
နားအနီး ယင်ကောင်များ
တဝီဝီ ဝဲပျံနေသလိုပင်။ရှူယန့်ယန့်၏၏
ကောင်းကင်နတ်ဆိုးဆယ့်နှစ်ဖော်ကို
ရင်ဆိုင်ရတာကမှ ပိုလွယ်သည်ဟု
နှစ်ယောက်စလုံး ထင်နေမိသည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now