အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း

Start from the beginning
                                    

ဤသည်မှာ ကျင့်ကြံခြင်းကလန်၏
လမ်းစဉ်ပင်။ဝမ်ရန်အယ် တိုက်ပွဲအလယ်၌
တာအိုကိုရှာဖွေသကဲ့သို့ ကျုန်းလီကလန်ဟာ
ပညာရှိလမ်းစဉ်ကိုလိုက်စားပြီး
ကဗျာ သို့မဟုတ် စာအုပ်များရေးသားကာ
သာမန်လူစာသင်သားများထံမှ
ချီးကျူးထောမနာပြုမှုများကို
လက်ခံကာ ထိုချီးကျူးဂုဏ်ပြုမှုများကို
အသုံးချပြီး ကျင့်ကြံဆင့်တက်လေ့ရှိသည်။
ရှေးရာဇဝင်ထဲမှ
"ခြေဆယ်လှမ်းအတွင်း
လူတစ်ဦးကို သတ်မည်။
လီတာတစ်ထောင်အတွင်း
ရပ်တန့်နိုင်သူမရှိ။"ကိုရေးသားခဲ့သူ
ကဗျာပညာရှင် အဇူရာ ကြာပဒုမ္မာ
အင်မော်တယ်သည်လည်း ထိုလမ်းစဉ်ကို
လျှောက်လမ်းခဲ့သူပင်။

အဓိကကျင့်ကြံခြင်းကလန်လေးခုလုံးဟာ
သာမန်လူလောကတစ်ခွင်လုံးမှ
တပည့်များအား လက်ခံလေ့ရှိသည်။
မျိုးဆက်တစ်ခုချင်းဆီမှ
ကလန်ခေါင်းဆောင်တိုင်းနှင့်
ဆက်ခံသူတစ်ဦးချင်းစီတိုင်းဟာ
၎င်းတို့၏ ဂုဏ်သတင်းကို
ကိုယ်တိုင် ဖန်တီးကြသည်။

၎င်းတို့ကို လေးစားသူများနှင့်
ဂုဏ်သတင်းကျော်စောမှုများသည်
၎င်းတို့ကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်ပင်။
သာမန်လူများ စာအုပ်များကို
ဖတ်လေလေ ပိုမိုပြန့်နှံ့သွားလေလေ‌
ဖြစ်ပြီး ကျုန်းလီကလန်၏အင်အား
ပိုမိုကြီးထွားလာလေလေပင်။စ

၎င်းတို့၏ကျင့်ကြံဆင့်များမှာ
အမှန်တရားကျင့်ကြံသူများနှင့်
နတ်ဆိုးကျင့်ကြံသူများသကဲ့သို့ပင်။
သို့ပေမဲ့ ၎င်းတို့၏စွမ်းအားများသည်
လုံးဝကွဲပြားခြားနားသည်။‌
လေးစားသူများစွာရှိသော
ကျင့်ကြံခြင်းကလန်တပည့်များအတွက်မူ ၎င်းတို့၏အကြံဉာဏ်များကို
လက်ခံသူများလေလေ
စွမ်းအားမြင့်လာလေလေပင်။
၎င်းတို့ကို လေးစားသူမရှိလျှင်
မဟာယနာကျင့်ကြံဆင့်ဖြစ်သော်ငြား
ခန္ဓာကိုယ်စုစည်းခြင်းအဆင့်
ကျင့်ကြံသူကို အနိုင်မယူနိုင်ပေ။

ပုံမှန်ဆိုလျှင်ကျင့်ကြံခြင်းကလန်များကို
သိသူရှားပါးသည်။သို့သော်
ဂိုဏ်းပေါင်းစုံစစ်ပွဲကြောင့်
ကျင့်ကြံခြင်းလောက ဆုံးရှုံးမှုများစွာ
ခံစားရ၏။သို့သော်ငြား သာမန်လူ့လောက
အတွက်မူ ကြီးပွားတိုးတက်လာသော
အခါသမယပင်။လူမြောက်များစွာ
စာအုပ်ဖတ်ရန်အခွင့်အရေး ရရှိလာကြပြီး
အဆင့်အတန်းနိမ့်သူများပါ
စာလုံးအချို့ သင်ယူခွင့်၊
ကဗျာစာ‌ကြောင်းအချို့ ရွတ်ဆိုခွင့်
ရကြကာ ပညာရှိအချို့၏
အမည်နာမများကို မှတ်မိလာကြ၏။
ဤသို့ဖြင့် ကျင့်ကြံခြင်းကလန်များ
အင်အားကြီးလာသည်။စစ်ပွဲကြောင့်
နှစ်ပေါင်းငါးဆယ်အတွင်း
တိုးတက်ကြီးပွားမှုရရှိပြီးသည့်နောက်
ကျုန်းလီချန်းဟာ ရှန့်ချင်းဂိုဏ်းတွင်
အဖမ်းခံထားရသည့် ပိုင်လီချင်းမြောင်အား
ခေါ်ယူသွားနိုင်သည်အထိ
အင်အားရှိလာခဲ့၏။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now