အခန်း (၃၂) Zawgyi

Start from the beginning
                                    

မမချမ်းရှေ့က တာရာ့ကိုကြည့်ရင်း တိတ်တခိုး သက်ပြင်းချမိလိုက်သည်။ ကလေးမလေး အရွယ်နဲ့မလိုက်ရုန်းကန်နေလိုက်ရတာ ဘယ်လိုဘဝက ဝဋ်ကြွေးတွေလဲကွယ်။ အလုပ်တွေကလဲ ဇယ်ဆက်သလိုများနေတာ သူတို့အသိဆုံး....စားဖို့သောက်ဖို့ပဲဆိုရင်တော့ သူတို့ဆီကလခလေးနဲ့ ခြိုးခြံစားရင် သူတို့သားအမိနှစ်ယောက်ဖူလုံပေမယ့်....ကလေးအတွက် တချိန်ကျ ကုန်မည့် ကျောင်းစရိတ်တွေ မမြင်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေအတွက်တွေဆိုတဲ့ ဝန်တွေကို သူမတစ်ယောက်ထဲထမ်းနေရတော့ ရသမျှအလုပ်လေးတွေကို မညီးမညူဘဲ ကြုံးရုန်းလုပ်ရရှာသည်။ အဲ့လိုအချိန်တွေဆို တာရာတော့မသိ သူမကတော့ တာရာ့ယောက်ျားဆိုတဲ့သူကို အတော့်ကို စိတ်ပျက်မုန်းတီးမိသည်။ ကလေးမလေးမှာ အသက်ပင် ၂၀ မပြည့်သေး ကလေးတယောက်နှင့် လောကကြီးထဲ ရုန်းကန်နေရရှာသည်။ သူကတော့ ဘယ်လိုဘဝမှာ ဘယ်လိုနေထိုင်နေလဲမသိ။ တာရာ့ဆီကလဲ သူနဲ့ပတ်သတ်ပီး အရင်ကကော ကွာရှင်းပီးတော့ကော ဘာသံမှ ထွေထွေထူးထူးကြားဖူးတာမဟုတ်လို့ အရင်ကထဲက အဆင်မပြေခဲ့ပုံရသည်။

"မမချမ်း....."

"ဟင်....အင်း ရာရာပြော"

"အော်....အဲ့ဆို ရာရာ ကလေးကို တခုခုသွားကျွေးလိုက်ဦးမယ်နော်လို့"

"အေး အေး သွားသွား"

တာရာထွက်သွားတော့မှ သူမလဲ အ​တွေးတွေကို ရပ်ပီး ခုနက တာရာ့အလုပ်တွေကို ဆက်လုပ်ပေးနေလိုက်တော့သည်။

.........

"Baby လေး ဘာတွေစားနေတာလဲ ပါးစပ်ကလေးကို လှုပ်စိလှုပ်စိနဲ့......"

တာရာ ကလေးထမင်းကျွေးရင်း စတိုခန်းထဲဝင်လာတဲ့ လုံးလုံးကြောင့် သူမကို ပြုံးပြလိုက်သည်။

"သားသား ထမင်းတွေစစားနေပါပီလို့.....အားအများကြီးရှိရင် တီတီလုံးကို ကိုင်ပေါက်မှာပါလို့"

ကလေးကပြန်ဖြေသလိုနဲ့ သူမကပြောလိုက်​တော့ လုံးလုံး မျက်မှောင်ကြီးကျုံ့သွားကာ ကလေးကိုကြည့်တော့ ကလေးက ထရယ်လေသည်။

"မရီနဲ့ မရီနဲ့ စိတ်ဆိုးမလို့နော်.....အဲ့ရုပ်နဲ့ရီတော့ ဒီတီတီက ဘယ်လိုဆူရ စိတ်ဆိုးရမလဲ"

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now