သူ့နဖူးတွင်ချွေးများထွက်နေတာကြောင့် သူ့ဆံပင်လေးများ စိုစွတ်နေကာ ဖရိုဖရဲဖြစ်နေသော်လည်း ကြည့်ကောင်းနေသည်။

လော့လင်းရှန်းက သူ့လက်ချောင်းလေးတွေနဲ့ ယှက်နွယ်လိုက်ပြီး အပြုံးလေးနဲ့ မေးလာသည်။

"ဒီလောက်ဆို လုံလောက်ပြီလား?"

"....."

ရှီယွင်နန် မျက်လုံးလေးမှာ ရီဝေနေ၏။ သူ့ပုံလေးမှာ တစ်ဖက်လူ၏နွေးထွေးမှုရအောင် လက်မောင်းထဲတိုးဝင်ကာတွယ်ကပ်နေသည့် အနိုင်ကျင့်ခံနေရတဲ့ မြေခွေးလေးလိုပင်။

သို့သော်လည်း ထိုပုံလေးမှာ စက္ကန့်အနည်းငယ်မျှသာဖြစ်သွား၏။ ထို့နောက် သူကရက်စက်တဲ့ အကြည့်လေးနဲ့ မော့လာကာ ပြောလာလေသည်။

"ခင်ဗျားကတော့ ကိုယ့်ဘာသာပဲ ဖြေရှင်း"

ဘယ်သူက လော့လင်းရှန်းလက်ကို အရမ်းကြမ်းခိုင်းလို့လဲ? ခုတော့ သူဒီတိုင်းလေး လှဲနေပြီး အနားယူချင်နေပြီ။

လော့လင်းရှန်း နှစ်စက္ကန့်လောက် ကြောင်တောင်တောင်ဖြစ်သွားပြီးနောက် သူကိုယ်သူ ချုပ်တည်းကာ ရှီယွင်နန်အား တင်းတင်းဖက်လိုက်လေသည်။

"... မင်းက နှလုံးသားမရှိတဲ့ ကောင်လေးပဲ"

...

လော့လင်းရှန်းတစ်ယောက် အချိန်ကွာခြားချက်ကြောင့် အိပ်မပျော်နိုင်ဖြစ်နေချိန် ရှီယွင်နန်ကတော့ ဒီရက်ပိုင်းတွေအတွင်း အိပ်မပျော်ဖြစ်နေခဲ့သည်ကို အတိုးချကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။

နှစ်ယောက်သား ပွေ့ဖက်ရင်း မွန်းတည့်ချိန်လောက်ထိ အိပ်ပျော်သွားကြလေသည်။

"ကောင်းကောင်းအိပ်ပျော်ရဲ့လား?" လော့လင်းရှန်းက ရှီယွင်နန်နဖူးလေးကို ဂရုတစိုက် ပွတ်သပ်ပေးနေ၏။ အခုမှ အိပ်ယာက ထလာသည်မို့ သူ့အသံလေးမှာ လေးလေးပင်ပင် ဖြစ်နေသည်။

"အင်း..." ရှီယွင်နန် အသံပေးလိုက်ပြီး အပူအရင်းမြစ်ထုတ်ပေးသည့် သူ့ဘေးနားကလူအား စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ "ဘယ်အချိန်ရှိနေပြီလဲ?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now