【..】• Intro and Disclaimer

Start from the beginning
                                    

" ... ကျေးဇူးပဲ Hyung ... ဆိုးချင်သလောက် ဆိုးလို့ရပြီး အသက်ကွာတာတောင် ကျွန်တော့်ကို အထီးမကျန်စေခဲ့လို့ ... "

◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆

[ 2016 ]

" ... Hyung ... ကျွန်တော်က အရမ်းဆိုးတယ် မဟုတ်လား ... အမြဲတမ်းလည်း Hyung ကို အနိုင်ကျင့်နေမိသလိုပဲ .. အဲ့ဒါတွေအတွက် စိတ်မဆိုးဖို့ မျှော်လင့်တယ် "

" ... ငါက မင်း မဆိုးနိုင်တော့တဲ့နေ့ ရောက်မှာကိုပဲ စိုးရိမ်မိတာ Jungkook-ah ... "

◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆

[ 2017 ]

" အဲ့ဒီလိုတွေ မလုပ်နဲ့ ဂျောင်ဂု! Fancamတွေ ပြန့်သွားတာမျိုး ငါမကြိုက်ဘူး .."

" ... ဘာဖြစ်လို့လဲ ... ဒီအတိုင်း နီးနီးကပ်ကပ်ရှိလာတာ ကြာပြီပဲကို ... Hyung က ကျွန်တော်နဲ့ moment တွေ ထွက်လာတာကို မကြိုက်ဘူးလား ..."

" ... အင်း ... Fan shipတွေက ကိစ္စမရှိပေမယ့် ကုမ္ပဏီနဲ့ လုပ်ငန်းခွင်အထိ အဲ့လိုတွေ ပြန်ကြားနေရတာ ငါ မကြိုက်ဘူး ဂျောင်ဂု "

◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆

[ 2018 ]

" Hyung ... အခုဆိုရင် ကျွန်တော် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ပြီ ... Hyung ကို ချီပိုးနိုင်သလို ကာလည်း ကာကွယ်ပေးနိုင်တယ် .. Hyung ချက်ကျွေးခဲ့သလိုမျိုး ကျွန်တော်လည်း Hyung ကို ပြန်ချက်ကျွေးနိုင်ပြီ .. Hyung ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တဲ့အရာရာတိုင်းအတွက် ကျွန်တော် ပြန်ဂရုစိုက်ပေးနိုင်ပြီ .. Hyung ... .... တကယ်တော့ ချစ်နေတာ ... ပွဲဦးမထွက်ခင်ကတည်းက ... ဒါပေမဲ့ ဆယ်ကျော်သက်အရွယ် စိတ်ကစားတာပဲ‌လေ ဆိုပြီး ကိုယ့်ခံစားချက်တွေကို ကိုယ်သတ်ပစ်မိခဲ့တာ .... အခုတော့ အရွယ်ရောက်ခဲ့ပြီ Hyung မသိနိုင်တဲ့ခံစားချက်တွေနဲ့လေ ... ပြီးတော့ ပြောပြခွင့်မရတဲ့ ခံစားချက်တွေပေါ့ ..."

" ဟင်အင်း ... ချစ်လို့မရဘူး ... အဲ့ဒီလိုအချစ်မျိုးနဲ့ နည်းနည်းလေးမှ အချစ်မခံချင်ဘူး ... ငါတို့တွေ စည်းကျော်လို့မရဘူး ... ပြီးတော့ ငါတို့ ၇ ယောက်လုံးက တစ်သားတည်း ... တစ်ယောက်ခြေလှမ်းပျက်တာနဲ့ ၇ယောက်လုံးပြိုလဲလိမ့်မယ် ... အဲ့ဒီ့တော့ တချို့အရာတွေက လွှတ်ချလိုက်တာ ပိုကောင်းတယ် ... ငါ အားနည်းရင်တောင် ဘယ်သူ့အကာအကွယ်မှ မလိုဘူး ... ပြီးတော့ ငါက ဘာမှ မျှော်လင့်ထားတာ မဟုတ်ဘူး ... "

A Letter to Winter【KookJin】• mini story •Where stories live. Discover now