မအိပ်ချင်လည်းကောင်းတာပေါ့ သူဘာသာတစ်ယောက်တည်းကျယ်ကျယ်ဝန်းဝန်းအိပ်လို့ရတာပဲ.....
ပုံမှန်ဆို ညဂျူတီရှိရင် ခေါင်းအုံးပေါ်ခေါင်းတင်တာနဲ့ အိပ်ပျော်လေ့ရှိပေမယ့် အခုတော့ သူ့မှာ အတော်ကြီးပင်ပန်းထားတာတောင် မအိပ်နိုင်ဖြစ်နေလေသည်.....
မယ်မင်းက သူ့ကို အိပ်မရလုပ်နေတာကို နားလည်ပေမယ့် လက်မခံချင်တာကြောင့် မျက်လုံးကို ဇွတ် ကျိတ် မှိတ် အိပ်ပစ်လိုက်တော့သည်.....

နေ့လည်တစ်နာရီထိုးချိန်မှာ သူနိုးလာတာမို့ ဗိုက်ကလည်းဆာနေတာမို့ ထလိုက်တော့ ဆိုဖာရှည်ပေါ်က မယ်မင်းကြီးမလေးက အခုထိ အိပ်ယာမထသေးပေ.....
အနည်းငယ်မကြည်တဲ့ခေါင်းကို ခါထုတ်လိုက်ကာ ဝင်လေထွက်လေကို မှန်မှန်ရှုလိုက်လေသည်.....
ကာလနဂါးမလေးကို နှိုးမှဖြစ်တော့မှာမို့ မယ်မင်းရှိရာကို ထလာလိုက်သည်......

"မယ်မင်း"
"မယ်မင်း"
"မယ်မင်း"

"အင်း ,,,,,, ပြော"

"ထတော့လေ မယ်မင်း နေ့လည်စာစားချိန်တောင်လွန်နေပြီ"

"ငယ်အိပ်ရေးမဝသေးဘူးဟာကို ဒေါက်တာကလည်း"

"နေ့လည်၁နာရီထိ အိပ်ပြီးနေ​ပြီလေ ထတော့ ဆက်အိပ်ရင် သွေးဖိအားတွေများပြီး နေမကောင်းဖြစ်နေလိမ့်မယ် ညနေကို လေဆိပ်ဆင်းရမယ်လေ "

"ဟုတ်သားပဲ ဖူးခက်သွားရအုံးမယ် "

"မျက်လုံးကိုဖွင့် သွား ရေသွားချိုး ညစ်ပတ်နေတာပဲ "

သူ့ကိုညစ်ပတ်နေတယ်ပြောလို့လားမသိ ပေစောင်းစောင်းမျက်နှာနဲ့ သူ့ကိုဂျိုကြည့်ကြည့်နေလေသည်....

"ကိုယ်ဘာသာတစ်ယောက်တည်းသွားစား စောင့်မနေနဲ့"

"မဂျစ်နဲ့ မယ်မင်း မင်းနဲ့ငါရဲ့ အိမ်ထောင်သက်မှာ ပထမဆုံးနေ့လည်စာနော် တစ်ကွဲတစ်ပြားစားစရာမလိုဘူး စားပြီးရင် ပိုပိုတို့ဆီ မင်းမသွားဘူးလား"

"သွားမှာပေါ့ "

"ဒါဆို ခိုင်းတာကို မြန်မြန်လုပ်"

"ဟွန့်"

ခြေထောင့်တစ်ဖက်ဆောင့်ကာ ရေချိုးခန်းဘက်ထွက်သွားတာကိုကြည့်ကာသူ့ကိုခေါင်းယမ်းမိသည်...မေမေက ကလေးလေးနဲ့ လာပေးစားထားတာပဲ..........
_
_
_
_
_
_
နေ့လည်စာစားကာ ပိုပိုတို့ဆီ လူနာမေးဖို့ထွက်လာလိုက်သည်.....
Basementကနေ 6လွှာကိုသွားဖို့ ဓါတ်လှေကားခေါ်ကာသွားနေချိန် သုံးလွှာ​မြောက်မှာ တံခါးပွင့်သွားကာ ဓါတ်လှေကားထဲ မဝင်ပဲရပ်နေတဲ့ ဒေါက်တာနီလာစိမ်း......

ကျွန်မရဲ့ ရေဒီယိုWhere stories live. Discover now