Chapter 25 - Zawgyi

Start from the beginning
                                    

"ဦးမြင့်မြတ်ပိုင်နောင်လည်းရောက်လာပြီပဲ ငါတို့နဲ့လိုက်ခဲ့တော့"

ဟေမာန်ဦးစကားကြောင့် မြင့်မြတ်ပိုင်နောင်က ဘာလဲဆိုသည့်အကြည့်နှင့် သျှင်မင်းသန့်ကိုကြည့်လာသည်။

"မုန့်သွားစားဖို့လာခေါ်နေတာလေ"

"ကိုယ်ရှိနေမှာပဲ လိုက်သွားပါ"

"ဒါပေမဲ့"

"လိုက်သွားပါ မြေးလေးရဲ့"

အကုန်လုံးကအတင်းလိုက်ခိုင်းနေတာမို့ သျှင်မင်းသန့် ခေါင်းညိတ်လိုက်ကာ လိုက်မည်ဟုပြောလိုက်သည်။

"ခဏ မျက်နှာလေးသစ်ဦးမယ်"

_______________________

သျှင်မင်းသန့်သွားကာမှ မြင့်မြတ်ပိုင်နောင်မှာ ဆေးခန်းထဲတွင် ယောင်တောင်တောင်ဖြစ်နေရသည်။ ဦးမင်းထက်ကလည်း မအိပ်ဘဲနိုးနေတာမို့ ပိုပြီးနေရခက်လာ၏။

ခါတိုင်း ဦးမင်းထက်နှင့်နှစ်ယောက်တည်းရှိနေသည့်အချိန်က သျှင်မင်းသန့် ရေချိုးခဏပြန်သည့်အချိန်တွင်သာ။ ထိုအချိန်တိုင်းလည်း ဦးမင်းထက်က အိပ်ပျော်နေသည့်အပြင် ခဏတင်သာမို့ ဘာမှမဖြစ်ခဲ့။

အခုတော့ ‌လူနာခန်းထဲက လေထုသည် တင်းကြပ်နေသလိုခံစားနေရသည်။

"ဆရာ"

ခေါ်သံကြောင့် မြင့်မြတ်ပိုင်နောင် လှည့်ကြည့်လိုက်မိတော့ ဦးမင်းထက်က လှဲနေရာမှထလာသည်မို့ မြင့်မြတ်ပိုင်နောင် အနားကပ်သွားလိုက်ကာ ခေါင်းအုံးခုပေးပြီး မှီစေလိုက်သည်။

"ကျွန်တော် ဆရာ့ကိုပြောစရာရှိလို့"

တရိုတသေပြောနေတာမို့ မြင့်မြတ်ပိုင်နောက် နေရခက်ခက်နှင့်ပင်ထိုင်လိုက်၏။

"မြေးလေးနဲ့အကြောင်းကို ကြားပြီးပါပြီ"

မကြားပြီးတောင် ဒီအတောအတွင်း လူနာအတူတူစောင့်ပေးရင်း သူတို့နှစ်ယောက်ရဲ့ အပြုအမူတွေကိုကြည့်ကာ သိနေလောက်ပြီဖြစ်သည်။ မြင့်မြတ်ပိုင်နောင် ဘာမှမပြောနိုင်ဘဲ လက်သီးဆုပ်ကာ ထိုင်နားထောင်မိ၏။

အခုချိန်မှာ ဦးမင်းထက်ဘက်ကသာ သျှင်မင်းသန့်နှင့် လမ်းခွဲပေးပါဟုတောင်းဆိုလာာလျှင် သူဘာ‌ပြန်ပြောရမလဲဆိုတာကို အပြေးအလွှားစဉ်းစားနေရသည်။

HONEYWhere stories live. Discover now