"အစစအရာရာဂရုစိုက်ပါ ဆရာရှောင်းကျန့်
မြေပြန့်ကချင်းလုံမှာလောက်တော့မအေးလောက်ဘူးဆိုပေမယ့် ခင်ဗျားကအအေးကြောက်တယ်မလား
အဲ့တာကြောင့်နွေးနွေးထွေးထွေးနေပါ"

အစစအရာရာဂရုစိုက်ဖို့မှာနေတဲ့ဝမ်ရိပေါ်အသံမှာ လှိုက်သံတွေပါနေတယ် ။ ဒါဟာရာသီဥတုအေးလို့ဖြစ်လာတဲ့အသံမျိုးမဟုတ်တာကို ဝမ်ရိပေါ်ရော ရှောင်းကျန့်ပါကောင်းကောင်းသိပါတယ်။ အများကြီးရင်လေးနေပုံပါပဲ။ ထွက်သွားတဲ့သူထက်ကျန်ရစ်တဲ့လူကပိုခံစားရတယ်ဆိုတာမျိုးကမမှန်နိုင်ပါဘူး။ ခွဲခွာရခြင်းဟာနှစ်ဖက်လုံးအတွက်မို့ ရှောင်းကျန့်အတွက်မပျော်ရွှင်ရသလို ဝမ်ရိပေါ်အတွက်လည်းစိတ်ပူပင်စရာတွေပါ။

"ကျွန်တော်မရှိတဲ့အခါကျရင် ကလေးတွေကိုရိပေါ်ကပဲဂရုစိုက်ပေးပါဦး
စာသင်ရတာဝါသနာမပါလို့ဆိုပြီး ကလေးတွေကိုပစ်မထားပါနဲ့ ရိပေါ်"

ရှောင်းကျန့်စကားကို ဝမ်ရိပေါ်ကချက်ချင်းခေါင်းညိမ့်တယ်။ ဒီအမှာစကားကိုမပြောဖြစ်ရင်တောင် ဝမ်ရိပေါ်က ကလေးတွေကိုဂရုစိုက်မယ်ဆိုတာရှောင်းကျန့်ယုံကြည်ပါတယ်။

"အဲ့တာအတွက်စိတ်ချပါ ဆရာရှောင်းကျန့်
ကျွန်တော်ပြန်တော့မယ်"

ရှောင်းကျန့်ကိုပြောပြီးလှည့်ထွက်သွားတဲကျောပြင်နက်ပြာရောင်ကို အကြောင်းပြချက်မယ်မယ်ရရမရှိဘဲရပ်ကြည့်နေမိတယ်။ နောက်တစ်ခါထပ်မတွေ့ရတော့ဘူးဆိုတဲ့အတွေးနဲ့၊ နောက်တစ်ကြိမ်အဲ့ဒီရင်ငွေ့ကိုခိုလှုံခွင့်မရှိတော့ဘူးဆိုတဲ့အတွေးနဲ့ အချိန်အကြာကြီးရပ်ကြည့်မိတာပါပဲ။ တိုင်းရင်းသားကောင်လေးကတော့ ရှောင်းကျန့်ကိုလှည့်မကြည့်တော့ဘဲ တောင်ဆင်းလမ်းကနေတန်းတန်းမတ်မတ်ပြန်သွားတယ်။ တောင်ပေါ်မှာဘယ်သူမှမရှိတော့တဲ့အခါ ပြင်ဆင်ပြီးသားဖြစ်တဲ့အဝတ်ထုတ်ကိုဆွဲပြီးအပြင်ထွက်ထိုင်နေလိုက်တယ်။ မကြာခင်မှာကလေးတွေနဲ့အတူ ပါးပါးနဲ့မားမားရောရောက်လာပါတော့မယ်။

"ဆရာလေး သားတို့ရောက်ပြီ
အမားတို့လည်းပါတယ်"

"ငါတို့လည်းပါလာတယ် ဆရာလေးရေ"

Light Of The 'YuLong' [Complete]Where stories live. Discover now