"အမေ..."

"ချန်းယောလ် "

အမေ့အသံမှာ နာကျင်မှုတွေနဲ့...
ဒါပေမယ့် အဲ့ဒီနေါက်မှာ ပြောလာတဲ့အမေ့စကားကြောင့် ချန်းယောလ်နှလုံးသားတွေကတော့ ကျင်ခဲသွားခဲ့တယ်။

"မင်းအဖေက ရှယ်ယာတွေကို အကုန်ရောင်းစားထားပြီးသားတဲ့...
အမေတို့ အမေတို့ ဘယ်လိုလုပ်ကြမလဲ..."

အမေ့နှုတ်က ထွက်ကျလာတဲ့ စကားဟာ အဖေ့သေဆုံးမှုအတွက် မဟုတ်ခဲ့ပဲ ငွေအကြောင်းဖြစ်နေတဲ့အခါ။ အမေ့နာကျင်မှုဟာ အဖေဆုံးပါးသွားမှုကြောင့် မဟုတ်ခဲ့ပဲ အဖေ့ရှယ်ယာတွေကြောင့်မှန်း သိလိုက်ရတဲ့အခါ။

ဒီထက်ပိုတာက...

"ဒီလိုသေသွားမှာမှန်းသိရင် မနေ့က မူးပြီးဖုန်းဆက်တုန်းက အမေသွားလိုက်ပါတယ်။
ဒီအတိုင်း မကွာရှင်းချင်လို့ ခြိမ်းခြောက်နေတာ ထင်တာ ..."

"အမေ အဲ့တာက ....
အဲ့တာက ဘာကိုပြောတာလဲ...
အဖေက အဖေက ဘာကိုခြိမ်းခြောက်ခဲ့တာလဲ..."

"မနေ့က မင်းအဖေအရက်တွေမူးပြီး အမေ့ဆီဖုန်းဆက်လာတယ်။
မကွာရှင်းနိုင်ဘူးတဲ့။
ကွာရှင်းမယ်ဆိုရင် သူ့ကိုယ်သူ သတ်သေပစ်လိုက်မယ်တဲ့။
သေရင်တောင် မင်းက ငါ့မိန်းမအဖြစ်ပဲ ရှိနေရမယ်တဲ့။.."

"အမေ...."

ချန်းယောလ် တစ်ကယ်ကို မယုံကြည်နိုင်အောင် ဆွံ့အသွားမိသည်။
အခု အမေက ဒီအကြောင်းအရာကို တကယ်ကို အဖေ့အတွက် ခံစားချက်မရှိစွာ ပြောနေတာ။ အမေနာကျင်နေတာဟာ တကယ်ကို အတ္တတွေ လောဘတွေကြောင့် ပဲ ဖြစ်နေတာ။
ဒါကို သိလိုက်ရတာက ချန်းယောလ်ဘဝကို ချောက်နက်နက်ထဲထိ မှောင်မဲစေတယ်။

အဖေနဲ့အမေနဲ့ ကွာရှင်းတော့မယ်ဆိုတာ သိထားပေမယ့် အဖေနဲ့ စကားပြောဖြစ်တဲ့အချိန်တွေသာ များတာမို့ ချန်းယောလ်က အဖေ့ရင်ထဲက သယံဇာတတွေနဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်တယ်။ အမေနဲ့ စကားပြောဖြစ်တိုင်း အမေက စီးပွါးရေးအကြောင်းနဲ့ ဘတ်ဟျွန်းနဲ့သဘောမတူကြောင်းသာ ထပ်ကာထပ်ကာပြောနေတာမို့ ချန်းယောလ်အမေနဲ့ သိပ်ပြီးစကားမပြောဖြစ်ပေ။

လွန်ခဲ့တဲ့တစ်ပတ်က အဖေဖုန်းဆက်တုန်းက ပြောခဲ့တဲ့စကားက နားထဲမှာ ပြန်ကြားယောင်လာတယ်။

MINE(Completed)Où les histoires vivent. Découvrez maintenant