Love started by those glasses 9

Start from the beginning
                                    

"ဆောင်ဟွန်း...."

တစ်လျှောက်လုံးဂျေးရှေ့မှာဝမ်းနည်းဟန်တောင်မပြခဲ့ဖူးတဲ့ဆောင်ဟွန်းက အခုတော့ဂျေးထိခိုက်ဒဏ်ရာကိုကြည့်ရင်း မျက်ရည်တွေဖောဖောသီသီကျလာလေရဲ့။မျက်ရည်ပေါက်တွေက ပါးပြင်ပေါ်စီးကျသွားရင်း တဖြေးဖြေးနှာရှုံ့သံတွေပါထွက်လာသည်။ထိခိုက်သွားတာဂျေးဆိုပေမဲ့ ဒဏ်ရာရသွားတာကတော့ဆောင်ဟွန်းနှလုံးသားလေးထင်ပါရဲ့။

"ငိုနေတာလား"

"ငါ့ကြောင့် ငါစောစောလာခဲ့ရင်မင်းဒဏ်ရာရမှာမဟုတ်ဘူး။ဂျေး မင်းလက်ကလေးတွေကနုနုလေး အရမ်းနာတယ်မလား"

"ဆောင်ဟွန်း ငါ့ကိုကြည့်အုန်း"

ဂျေးလက်ဖောင်းဖောင်းလေးကိုပဲသဲကြီးမဲကြီးစိုက်ကြည့်ရင်း ဆေးထည့်ပေးနေတဲ့ဆောင်ဟွန်းက ပြောလဲပြော ငိုလဲငိုနေပေမယ့် ဂျေးခေါင်းမော့ခိုင်းတဲ့အခါမှာတော့ ခေါင်းတခါခါနှင့်။

ပြောမရတော့တဲ့ဂျေးကပဲ ကျန်တဲ့လက်တစ်ဖက်နဲ့ဆောင်ဟွန်းပါးပေါ်ကနေအုပ်မိုးကိုင်ရင်း ခေါင်းမော့ကြည့်စေတယ်။မော့ကြည့်လာလို့မြင်လိုက်ရတဲ့မျက်နှာလေးက မျက်ရည်အသီသီနဲ့နှာသီးထိပ်ကလေးကနီရဲရဲ။တရှုံ့ရှုံ့ငိုနေဆဲမို့ လှုပ်ခတ်နေတဲ့နှုတ်ခမ်းပါးတွေရယ် စီးကျနေတဲ့မျက်ရည်ပေါက်ကြီးငယ်တွေရယ်။ဂျေး ဆောင်ဟွန်းငိုတာကိုမြင်ဖူးတာဒါပထမဆုံး ဒါကလဲသူ့ကြောင့်နဲ့။

"မင်းကြောင့်မဟုတ်ပါဘူး မင်းရောက်လာလို့သာငါဒီလောက်ပဲဒဏ်ရာရတာ မင်းကငါ့ကိုကယ်လိုက်တာပဲလေ မဟုတ်ဘူးလား"

"ဟင့်အင်း" ဆောင်ဟွန်းကစကားနားမထောင်တဲ့ကလေးဆိုးလေးလို ခေါင်းတခါခါနှင့်ပြန်ငြင်းသည်။

"ဘယ်လိုလုပ်မလဲ မင်းကငါပြောတာကိုလက်မခံရင်ဒဏ်ရာကပိုပိုနာလာတယ်"

ယုတ္တိမတန်မှန်းသိပေမယ့် ကလေးအငိုရပ်ဖို့ဂျေးတစ်ယောက်တွေးမိတွေးရာ အရှက်မရှိပြောရတော့တယ်။

"ဂျေး"

"ဟင်"

မျက်ရည်တလဲ့လဲ့နဲ့ဆောင်ဟွန်းက ဂျေးကိုတွေတွေလေးငေးကြည့်တယ်။

Love started by those glassesWhere stories live. Discover now