"ချစ်စရာလေးပါ ကလေးက"
"ချစ်စရာကောင်းရင်လဲ မာမီ့ဆီခေါ်လာဖို့ကြိုးစားတော့လေ"
"ဟင်...."
မြေးဦးမလို့ မာမီအလွတ်ပေးမည်မဟုတ်တာ သိသော်ငြားလဲ ဒီလောက်တော့ မြန်မည်မထင်ခဲ့။
"မ ဟင် နေနဲ့သား....မာမီကော သားဒယ်ဒီကော ကလေးလေးနဲ့ နီးနီးကပ်ကပ်နေချင်လှပီ"
"ခန ခန.....နေပါဦး မာမီရယ် သူ့အမေကဖြင့်...."
လောနေတဲ့မာမီ့ကို သူ မနဲတားနေရသည်။ ကိုယ်က ခေါ်ချင်တယ် ထားဦး ဟိုက သူ့ဘာသာနေနေတာလေ သူတို့ကို ဂရုစိုက်တဲ့ပုံမပေါ်
"ကလေးမလေးကိုရော တွေ့ခဲ့တယ်မလား....သူ့ကြည့်ရတာ အေးအေးဆေးဆေးပါသားရယ် မာမီတို့ အရင်က စိတ်အရမ်းလောခဲ့သလို လောဘလဲကြီးသွားခဲ့ပုံပဲ သူ့ကိုကြည့်ပီး မာမီ တကယ် စိတ်မကောင်းမိတာတော့ အမှန်ပဲသား"
စိတ်ထဲက နောင်တတွေနဲ့ပြောနေတဲ့မာမီ့ကို သူနားလည်သည်။
"ဟုတ် တွေ့ခဲ့ပါတယ်မာမီ.....သူအတော်တော့်ပြောင်းလဲသွားတယ်"
"ဒါပေါ့ မိခင်တယောက်ဖြစ်လာတော့လဲ ပြောင်းလဲကုန်တာတွေတော့အများကြီးပေါ့ သားရယ် ဒါတွေကတော့ မိခင်အချင်းချင်းပဲနားလည်တာတွေပါ"
သူပြောချင်တဲ့ သူမ ပြောင်းလဲသွားတယ်ဆိုတာ မာမီပြောတာမျိုးမဟုတ်တာ သူသိပေမယ့် ဘာမှတော့ စောဒကမတက်ခဲ့မိ။ ဟုတ်သည် သူမတော်တော့်ကိုပြောင်းလဲသွားတာ.....အပြင်အဆင်တွေကအစ အမူအရာတွေ ခံစားချက်တွေက သူသိခဲ့တဲ့ ငတိမ မဟုတ်တော့သလိုကို တခြားတယောက်လိုပြောင်းလဲသွားခဲ့တာ။
"သားနဲ့သူက အဆင်မှမပြေတာမာမီရယ်....ကလေးသွားခေါ်ရင် ဟိုကဘယ်ထည့်မလဲ"
သူ့စကားကို မာမီက နားလည်သည့်ဟန်နှင့် သက်ပြင်းဖြေးဖြေးချပီး
"ဇွတ်တော့ သွားခေါ်လို့ ဘယ်ရမလဲသားရယ်....ဒီတလျှောက်လုံး သားကလဲ သူ့ကို မပတ်သတ်ဘဲနေလာတာ သူကလဲသားဆီက ဘာအကူညီအထောက်အပံ့မှယူခဲ့တာမဟုတ်တော့ ခုမှ အတင်းသွားခေါ်ရင် မာမီတို့ လူမဆန်ရာကျတော့မှာပေါ့"
YOU ARE READING
အချစ်တွေအမုန်းတွေရဲ့ အလွန်.....
အခန်း (၃၀)
Start from the beginning