Part 16 ( Zawgyi )

124 7 0
                                    

Author's Note

နန်းရဲ့စာဖတ်သူလေးတွေအထင်လွဲနေကြမစိုး နန်းဒါလေးကိုတကူးတကထည့်ရေးလိုက်ရပါတယ်ရှင်။ DORA ဆိုတဲ့ Fiction မှာ Ryan ဟာအရံဇာတ်ကောင်ဖြစ်ပါတယ်နော်။ ဒါဆိုအဓိကဇာတ်ကောင်တွေက ဘယ်သူတွေလဲဆိုတာ နန်းမပြောလဲသိကြမှာပေါ့။ ကဲ ဒါဆို နန်းတို့ရဲ့ဇာတ်လမ်းလေးကို ပြန်ဆက်လိုက်ကြမလား...

ဦးသက်ထွန်းဆုံးပြီးတစ်လအကြာ။

"ဦး သား သားလေ"

သူ...
သူ ဒီစကားကို ဦးကိုဘယ်လိုပြောပြရမလဲ။ အခုဒိုရာလေးရဲ့စိတ်ထဲအရမ်းကိုရှုပ်ထွေးနေရပြီ။ တစ်ဖက်မှာ သူ့ကိုကျွေးမွေးပြုစုစောင့်ရှောက်လဲ့တဲ့ ကျေးဇူးတရားဆိုရင်တစ်ဖက်မှာက သူ့လိုကလေးတစ်ယောက်ကို လူထဲကလူပီသတဲ့သူတစ်ယောက်ဖြစ်အောင်သင်ပေးခဲ့တဲ့ ကျေးဇူးတရား။

"ဦး သား သားလေ"

"အင်း ကိုယ်က ကလေးကို ဒိုရာလေးသာကိုယ့်ကိုယ့်ကိုယ်မှန်လို့ထင်ရင် ဘာမဆိုရဲရဲဝင့်ဝင့်ပြောနိုင်တဲ့ သူဖြစ်အောင်သင်ပေးခဲ့တာ ဒါကြောင့်မကြောက်နဲ့ ပြောစရာရှိတာကိုပြော ဒိုရာ ကိုယ်သေချာနားထောင်နေတယ်"

"ဦးဦးကသားအပေါ်ကျေးဇူးရှိခဲ့တာ သား သားမှာလေ ဦးဦးစကားကိုတသွေမတိမ်းနားထောင်ဖို့ တာဝန်အပြည့်အဝရှိတယ်ခင်ဗျာ"

"ဒါပေါ့ မှန်တာပေါ့ ဒိုရာ ဒီလိုလုပ် တိုတိုရှင်းရှင်းနဲ့ လိုရင်းကိုပဲပြော အခု ကိုယ့်လက်တွေတုန်နေတာမြင်လား ဒိုရာလေးဘာပြောမှာလဲဆိုတာ ကိုယ်လဲမှန်းဆထားပြီးသားဆိုပေမယ့် ကိုယ့်အခြေအနေက အခု ဒိုရာလေးနှုတ်ကထွက်ကျလာမယ့်စကားတွေကို ရင်ကွဲမတတ် နာကျင်နေတာတောင် မနည်းနားထောင်ပေးနေရတာနော် ဒါနောက်ဆုံးအနေနဲ့ ကိုယ့်ကလေးရဲ့ဆုံးဖြတ်ချက်ကို အပြည့်အဝလေးစားလို့ပဲ"

"ဦး အီးဟီး...."

"မငိုနဲ့ မငိုရဘူး ဒိုရာ ကိုယ် ကလေးကိုရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်အောင်သင်ပေးခဲ့ပြီးပြီ မျက်ရည်တွေကိုသုတ် ဒိုရာမှန်တယ်ထင်ရင်လုပ် ကိုယ်မတားဘူး ကိုယ့်ကိုလဲအားနာစရာမလိုဘူး နားလည်လားကလေး"

ᴅᴏʀᴀWhere stories live. Discover now