ထို့အတူ ဦးလင်းရောင်လည်း မထင်မှတ်ထားတဲ့အပြင် အသုံးမကျတဲ့အိုမီဂါကို ရွေးခြယ်သွားတဲ့ မင်းစစ်ကြောင့် ပိုလို့ပင်အံ့သြရင်းအံ့သြနေရသည်။

''တောက်...ဘာလို့အဲ့ပိုင်းလုံးကောင် ဖြစ်နေရတာလဲ။ ဖိုးဖိုး သားမကျေနပ်ဘူး။ ကျွန်တော် ကိုစစ် ကိုသဘောကျတာသိလို့ တမင်လုပ်တာနေမှာ...  အီးဟီး.. ကျွန်တော် မကျေနပ်ဘူး။ ကျွန်တော့်အတွက် နေရာကိုပြန်ယူပေးပါ....အင့်...ဟင့်''

ဒေါသထွက်တာကော ဝမ်းနည်းမှုတွေပါပေါင်းပီး လရောင်ချို အဖိုးဖြစ်သူကို အပူကပ်တော့သည်။

''မြေးလေးရယ်...မပူပါနဲ့ အဖိုးသူ့ကို မြေးလေးအတွက် လက်စားချေပေးပါ့မယ်''

''အင့်... ဟင့်... .ဟုတ်... သေချာပေါက်လုပ်ပေးပါ။ ကိုစစ်....ကိုစစ်က ကျွန်တော့်အပိုင်ပဲ ဖြစ်ရမှာ''

'' သေချာပေါက်ပဲပေါ့... အဲ့နေရာက မြေးနဲ့ပဲထိုက်တန်တာ''

''အဟင့်... ''

ဦးလင်းရောင်လည်း သူချစ်ရတဲ့ မြေးလေးအဖြစ်ကိုကြည့်ရင်း စိတ်မကောင်းခြင်းနဲ့အတူ လရိပ်ချိုကိုလည်း ညီဖြစ်သူနေရာကိုလုယူခြင်းနဲ့ ပတ်သတ်ပီး ကောင်းကောင်းအပြစ်ပေးရန် စဥ်းစားနေတော့သည်။

ဦးလင်းရောင်က မြေးနှစ်ယောက်ရှိသော်လည်း အကြီးဖြစ်သူ လရိပ်ချိုကို လုံးဝမချစ်ပေ။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တော့မရှိ။ သို့သော် မဖြစ်မနေ အကြောင်းပြချက် ပေးရမယ်ဆိုရင်လည်း လရိပ်ချိုက အငယ်ဖြစ်သူလရောင်ချိုထက် ပိုပျော့ညံ့ပြီး အသုံးမကျသည်ကြောင့်ဟုသာ ပြောနိုင်မည်။

လရောင်ချိုက လူမှုပေါင်းသင်းဆက်ဆံရေး ပြောစရာမရှိတဲ့အပြင် ချောမောလှပသူတစ်ဦးဖြစ်သည်။ လရိပ်ချိုကတော့ ထိုသို့မဟုတ်။ ပေါင်းသင်းဆက်ဆံရေးညံ့တဲ့အပြင် အမြဲအနိုင်ကျင့်ခံရတဲ့ပုံစံမို့ ပို၍ပင်စိတ်ပျက်မိသည်။

ထို့ကြောင့် ဦးလင်းရောင်က လရိပ်ချိုထက် လရောင်ချိုကိုသာ ပိုပီးမျက်နှာသာပေးမိသည်။ လရောင်ချိုက သူအလိုလိုက်ထား၍ တစ်ခါတရံဆိုးတတ်သော်လည်း ဦးလင်းရောင်အနေနဲ့ ခွင့်လွှတ်ပေးနိုင်တဲ့ အတိုင်းအတာရှိနေ​သေးသည်မို့ သူ့အလိုကျနေစေခဲ့သည်။

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedWhere stories live. Discover now