As if it's your last part-10

73 10 0
                                    

"ဟျောင့်ငကု မင်းကိုကိုတို့ကမလာသေးဘူးလား
အကိုနမ်ဂျွန်းကအသဲလေးကိုပါခေါ်လာမယ်ပြောတာ
ခုထိမလာသေးဘူးတဲ့လား"
"အေးဆေးပေါ့ partyကည၇နာရီခွဲမှလေခုမှ
၇နာရီရှိသေးတာကို"
"ဒီအချိန်မစောတော့ဘူးလားလို့ ဟိုမှာအကိုယွန်းဂီတောင်လာပြီလေကွာ"လို့ပြောနေတုန်း အနားရောက်လာတဲ့အကိုယွန်းဂီ
"ထယ်ယောင်း happybirthdayပါနော် ဒီနေ့မွေးနေ့မှစပြီးလာမယ့်နေ့ရက်တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ"
လို့ပြောပြီး လက်ဆောင်ထုပ်လေးပေးလာတယ်
"ဟုတ်အကိုယွန်းဂီ မွေးနေ့လာပေးလို့ကျေးဇူးပါ"
"မဟုတ်တာ သေချာပေါက်လာရမယ့်လူပဲ ဒါနဲ့လေ
မွေး‌ေန့ကဘယ်သူတွေကောဖိတ်ထားတာလဲ"
"အဲ့တာက ကျွန်တော်တို့ကျောင်းကလူတချို့ပါပဲ
9ယောက်လောက်ပဲ အရမ်းမများပါဘူး"
"ဟုတ်ပါပြီ အကိုလာတာစောနေသေးတာပဲ အကိုဘာကူပေးရဦးမလဲ"
"ရပါတယ် အကိုယွန်းဂီရယ် ကျွန်တော်တို့လုပ်တာပြီး
သလောက်ရှိနေပါပြီ ဒါဆို အကိုဝိုင်းနားသွားထိုင်‌
‌ေတာ့မလား "
လို့ဝင်ပြောရင်းအကိုယွန်းဂီကိုဝိုင်းနားခေါ်သွားတဲ့ငကု
"အင်းအင်း ထယ်ယောင်း အကူအညီလိုရင်ပြောနော်"
"ဟုတ်အကိုယွန်းဂီ"

ဒီနေ့ကကျွန်တော့်မွေးနေ့ပါ
စာမေးပွဲကတော့လွန်ခဲ့တဲ့တပတ်ကပဲပြီးသွားပါတယ်
ဟင်းးးးးးးးးးးးးးး
သက်ပြင်းချမိပြန်ပါတယ် အသဲလေးကလေ ကျွန်တော်စာမေးပွဲပြီးပြီးချင်းသွားတွေ့တာကို
အတွေ့မခံဘူးဗျာ ဟိုဟာအကြောင်းပြဒီဟာအကြောင်းပြနဲ့
ဒီနေ့တော့မရတော့ဘူးဗျာ အချိန်‌ေတွကရပ်‌ေနတာမဟုတ်ဘူး ကျွန်‌ေတာ့်နှလုံးသား‌ေရးရာအတွက်အချိန်သိပ်မရှိတော့ဘူးဗျ ဘာလို့အချိန်သိပ်မရှိတော့တာလဲဆိုတော့
ဟင်းးးးးးလွန်ခဲ့တဲ့၃ရက်လောက်ကပေါ့ အိမ်ကို‌ေမမေရောက်လာခဲ့တယ်လေ ပြီးတော့မာတာမိခင်က အရင်ပြောထားတဲ့ ကျောင်းပြီးလို့မင်းမှာချစ်သူရှိရင်အဲ့ချစ်သူနဲ့‌ေပးစားမယ်ချစ်သူမရှိ‌ေသးရင်ငါ‌ေပးစားတဲ့သူနဲ့ယူရမယ်ဆိုပြီး‌ေပြာထားတဲ့စကားကိုပယ်ပြီး နောက်၁ပတ်နေရင်နှစ်ဖက်မိဘ‌ေတွနဲ့လူသိရှင်ကြား‌ေစ့စပ်ပွဲလုပ်ရမယ်ဆိုပြီး တချက်လွှတ်အမိန့်ပေးသွားပါတယ်
အဲ့တော့ကျွန်တော့်မှာအချိန်က၃ရက်ပဲကျန်တော့တယ် နှစ်ဖက်မိဘတွေနဲ့လူသိရှင်ကြားစေ့စပ်ပွဲလုပ်ရတာကတော့ အစက အကိုယွန်းဂီနဲ့ကျွန်တော်ကနှစ်ဖက်မိဘ
‌ေတွ‌ေရှ့တရားဝင်မစေ့စပ်ရသေးဘူး အိမ်ကမိဘတွေကတချိန်
စေ့စပ်ရမယ့်သူတွေအနာဂတ်မှာလက်ထပ်ရမယ့်သူတွေဆိုပြီးရင်းနှီးအောင်အချင်းချင်းတွေ့ခိုင်းထားတာပဲရှိတာ နှစ်ဖက်မိဘ‌‌ေတွကသပ်သပ်အချင်းချင်းတွေ့ ကျွန်တော်တို့ကလေးတွေကသပ်သပ်တွေ့ကြတာ မေမေအိမ်လာပြီးအဲ့လိုပြောတဲ့နေ့ကတည်းက
အသဲလေးကိုကျွန်တော်နေ့တိုင်းသွားရှာပြီးသေချာရှင်းပြပြီးသေချာပိုင်ဆိုင်ရဖို့ကြိုးစားပေမယ့်အသဲလေးက တကယ်မလွယ်တဲ့သူပါဗျာ လုံးဝလက်မခံဘူးရှောင်ပြေးနေတာ ဒီနေ့တော့ အသဲလေးကိုသေချာပေါက်ပိုင်ဆိုင်ရအောင်လုပ်မှရတော့မယ်

As If It's Your Last💜💜Where stories live. Discover now