As if it's your last part-5

89 9 4
                                    

"ဖိုက်တင်းလုပ်ရအောင်"
"1..2..3..ဖိုက်တင်း"ကျောင်းထဲမဝင်သေးပဲကျောင်းဝတင်ခေါင်းချင်းဆိုင်ဖိုက်တင်းလုပ်နေကြတဲ့ကျောင်းရဲ့king 3ယောက် ဘေးလူတွေအထူးတဆန်းကြည့်ကြလည်း၃ယောက်လုံးဂရုမစိုက်ကြ
"ဟျောင့်တွေဖွင့်ပြောမှာကငထယ်ကိုငါကဘာလို့ရင်တွေခုန်နေတာ"
"မင်းကလည်းမဆီမဆိုင်ရင်တွေခုန်နေရတယ်လို့ ငါရောပဲရင်တွေခုန်နေတယ်"သူကျမခုန်တာကျလို့လူကိုလာပြောနေတယ့်ငကုထုသတ်ပစ်ချင်စရာ
"ငါအခုကတည်းကရင်တွေခုန်နေပြီအကိုရှေ့ကျကောင်းကောင်းဖွင့်ပြောနိုင်ပါ့မလား"
"အဆင်ပြေသွားမှာပါ အရမ်းကြီးမစိုးရိမ်နဲ့ ငါ့တုန်းက
လည်းအဲ့လိုပဲ"
"အတွေ့အကြုံရှိတဲ့သူကြီးကအကြံလေးဘာလေးပေးလိုက်ဦးလေ"ပြောပြီးစိတ်လေတဲ့ပုံစံလုပ်နေတဲ့ဂျီမင်း
ရုတ်တရက်ငထယ်ကောင်ဘယ်သူမှမသိစေချင်တဲ့ပုံစံနဲ့သူတို့ဘက်ကိုခါးကိုမသိမသာလေးကုန်းပြီးဟိုကြည့်ဒီကြည့်နဲ့ဆိုတော့သူတို့လည်းငထယ်အတိုင်းလိုက်
လုပ်မိကြတယ်ပြီးတော့ငထယ်တိုးတိုးလေးကပ်ပြောက
"အစဉ်တိုင်းပဲနော်""အင်း"

"အေးပါ အစီအစဉ်တိုင်းပဲ "
"ဒါနဲ့အဲ့တာကအစီအစဉ်ကောဟုတ်လို့လား ဘာလို့ဒီလောက်တောင်လျှို့ဝှက်သလိုလုပ်နေကြတာလဲ အဲ့တာကဒီတိုင်းလေးအကိုဟိုဆော့နဲ့မင်း၂ယောက်ထဲတွေ့တဲ့အချိန်မှာဖွင့်ပြောမှာပဲမလား အဲ့လို၂ယောက်ထဲရှိဖို့အကိုနမ်ဂျွန်းကိုအကူအညီတောင်းမယ်ဒါပဲမလား အဲ့တာကို အဲ့တာကလျှို့ဝှက်ရမယ့်အစီအစဉ်လား😑😑😑"
တကယ်ပါအမြင်တွေကပ်လာပြီအရေးကြီးမစ်ရှင်ကြီးလားကြလို့ဂျိမ်းစပွန်းပုံစံတွေဖမ်းနေကြတာ
"အဟင်းးးးအဟင်းး ဒါကတော့ဒါပေါ့"လို့ချောင်းဟန့်သလိုဘာလိုနဲ့ပြန်ပြောတဲ့ငထယ်
"ဘာလို့လျှို့ဝှက်တဲ့အစီအစဉ်မဟုတ်ရမှာလဲကွ
တယောက်ယောက်ကိုဖွင့်ပြောဖို့လူတယောက်ကိုအကူအညီတောင်းပြီး ၂ယောက်ထဲရှိအောင်လုပ်ပြီးရင်အဲ့လူကိုဖွင့်ပြောရတာလေ လျှို့ဝှက်အကြံအစည်ပေါ့ဟ မတော်လို့အဲ့အကြောင်းအကိုဟိုဆော့သိသွားပါလားကွအကိုဟိုဆော့ကငထယ်နဲ့၂ယောက်ထဲတွေ့ပါမလား သေချာစဉ်းစားကြည့်ဉီး"
"အေးနော် အဲ့လိုကျတော့လည်းငကုမင်းပြောတာမှန်တာပဲ sorry 😁
ငါသေချာမစဉ်းစားမိလိုက်လို့"
"ရပါတယ်မင်းကအရပ်နဲ့လိုက်အောင်ဉီးနှောက်ကလည်းသေးနေတာလားမှမသိတာအဲ့တော့သေချာမစဉ်းစားနိုင်တာနားလည်ပါတယ်"
"ဘာကွ ငကု မင်းနော် ဒါနဲ့အကိုနမ်ဂျွန်းကကူညီပါ့မလား"လို့ပြောတုန်းလက်ကိုလာတို့နေတဲ့ငကု
"ဘာလဲမင်းက အေးပေါ့အကိုနမ်ဂျွန်းကမင်းရည်းစားပဲ အခုငထယ်ကအကိုဟိုဆော့ကိုချစ်တဲ့အကြောင်းဖွင့်ပြောမယ့်ကိစ္စမှာမင်းကကူညီပေးဖို့ပြောရင်သူကကူညီပေးမယ်ထင်ပါတယ်ဟုတ်တယ်နော
ဒါနဲ့ငထယ်မင်းဘာဖြစ်နေတာလဲကြောက်ရုပ်ဖြစ်သွားတာလား ဘာလို့ငါတို့နောက်ကိုကြည့်နေတာ"ဆိုပြီးငထယ်ကြည့်နေတဲ့နေရာကိုကြည့်လိုက်တော့
သွားပြီလို့ပဲစိတ်ထဲကရေရွတ်လိုက်ပြီးငကုကိုလှမ်းကြည့်လိုက်တော့မချိပြုံးပြုံးပြနေလေရဲ့

As If It's Your Last💜💜Where stories live. Discover now