အခွင့်အရေးခပ်သေးသေးလေးကိုဘာမဆိုင်၊ညာမဆိုင် သူ့နည်းသူ့ဟန်နဲ့တောင်းဆိုတတ်တဲ့တိုင်းရင်းသားလေးက အကြီးဖြစ်တဲ့ရှောင်းကျန့်ကိုကလေးလိုမျိုးစိုးရိမ်တကြီးလည်းဆူတတ်ပါသေးတယ်။ အချိန်ကာလတွေလွန်မြောက်လာ​ပေမယ့် ရှောင်းကျန့်ရော၊ဝမ်ရိပေါ်ရောမှာ တူညီနေတဲ့အချက်က အချိန်ကာလတွေကိုကိုယ့်နည်းကိုယ့်ဟန်နဲ့လစ်လျူရှုထားကြတာပါပဲ။ ရှောင်းကျန့်ကလည်းအချိန်ကာလအကြောင်းထုတ်ဖော်မပြောသလို ဝမ်ရိပေါ်ကလည်းနာရီ၊မိနစ်တွေကိုဥပေက္ခာပြုထားတယ်။ ဒါပေမယ့်ဘယ်လိုပဲမျက်ကွယ်ပြုထားထား အချိန်ကာလဆိုတာရပ်တန့်လို့ရတဲ့အရာမဟုတ်တာပဲလေ။ ဒီလိုနဲ့ဝေးကြရတော့မယ်ဆိုပါတော့။

~~~

စာမျက်နှာတွေကိုတစ်ရွက်ပြီးတစ်ရွက်ခပ်ဖြည်းဖြည်းလှန်နေရင်းက နောက်ဆုံးစာမျက်နှာကိုရောက်လာသလိုမျိုးပေါ့။ သဘောကျနှစ်သက်လွန်းလို့ဇာတ်သိမ်းသွားမှာကြောက်တဲ့ဝတ္ထုကလေးတစ်ပုဒ်ရဲ့နိဂုံးကိုရောက်လာခဲ့တယ်။ ပြီးဆုံးသွားမှာကြောက်လို့တစ်စွန်းတစ်စချင်းစီနားထောင်ခဲ့တဲ့ပုံပြင်ကလေးရဲ့အဆုံးသတ်ဟာ အချိန်တန်တော့ရောက်လာခဲ့ပါတယ်။

"ပုစ္ဆာတွေတွက်ပြီးရင်ဆရာ့ဆီလာပြကြ
မှန်အောင်ရောသေချာလေးတွက်"

"ဟုတ်ကဲ့ပါ ဆရာလေး"

ရှောင်းကျန့်ပြောတော့ ကလေးတွေကခေါင်းညိမ့်ထောက်ခံပြီးစာတွက်ကြတယ်။ 'ဟုတ်ကဲ့'သာပြောတာပါ ပြီးရင်တလွဲတွေတွက်ချင်တွက်တတ်သေးတာ။

"ဆရာရှောင်းကျန့်"

ကလေးတွေစာတွက်နေတော့ ဘာမှလုပ်စရာမရှိတာကြောင့်ဖတ်​ပြီးသားသင်ရိုးညွှန်းတမ်းစာအုပ်တွေကိုငုံ့ဖတ်နေတုန်း ခပ်ဝဲဝဲခေါ်သံကြောင့်ပြုံးမိသွားတယ်။ မော့မကြည့်ရင်တောင်ရှောင်းကျန့်ချစ်တဲ့မျိုးနွယ်စုအကြီးအကဲလောင်းလျာလေးမှန်းလူတိုင်းသိပါတယ်။ ဒီနေ့လည်းဒီကောင်လေးဟာအချိန်မှန်ပါပဲ။ နေ့လည်စာစားတာနောက်ကျမှာလည်း အဲ့ဒီတိုင်းရင်းသားလေးကစိုးရိမ်တတ်ပါတယ်။

"ရိပေါ် လာပြီလား"

ခပ်နုနုအပြုံးနဲ့ရှောင်းကျန့်ပြောတော့ ဝမ်ရိပေါ်ကစာသင်ခန်းကအဝကနေခေါင်းညိမ့်တယ်။ ခပ်ဖျော့ဖျော့ပြုံးနေတဲ့တောင်ပေါ်သားရဲ့မျက်နှာကိုနားမလည်သလိုကြည့်ရင်း ရှောင်းကျန့်စာသင်ခန်းအပြင်ကိုထွက်လာလိုက်တယ်။

Light Of The 'YuLong' [Complete]Where stories live. Discover now