Chapter 24 - Zawgyi

Start from the beginning
                                    

ထိုသို့ပြောကည ရှေ့လှည့်သွားသည့် သျှင်မင်းသန့်က အတွေးတွေများနေသေးသည်။

"ချာတိတ်"

"ဗျာ"

"အများကြီး တွေးမနေနဲ့"

သူပြောလိုက်တော့ သျှင်မင်းသန့်က မျက်လုံးဝိုင်းဝိုင်းတွေနှင့်ပြန်လှည့်ကြည့်လာ၏။ ထို့နောက်ခေါင်းကိုခါသည်။

"ဦးလေးကြီး သိလား"

"အင်း"

"ဖိုးဖိုးကလေ လွန်ခဲ့တဲ့လေးနှစ်လုံးလုံး ကျွန်တော့်ကိုစောင့်ရှောက်ဖို့ တစ်ချက်ကလေးတောင်မညည်းညူခဲ့ဘူး"

သျှင်မင်းသန့်၏လက်တစ်ဖက်ကို မြင့်မြတ်ပိုင်နောင် ဆုပ်ကိုင်ထားမိသည်။

"ဖေဖေတို့ရှိနေတုန်းကတည်းက ဖိုးဖိုးက ကျွန်တော့်ကိုတအားချစ်ခဲ့တာ"

"ဒီအတောအတွင်း ဖိုးဖိုး နေမကောင်းတာရှားတယ်၊ ရှားတယ်ဆိုတာ မရှိတာမဟုတ်ဘူး။ ဖိုးဖိုးက သူနေမကောင်းလည်း ကျွန်တော်သိမှာဆိုးလို့ နေကောင်းချင်ယောင်ဆောင်နေတာ"

သျှင်မင်းသန့်မျက်လုံးအိမ်ထဲတွင်အရည်ကြည်လေးများလဲ့လာခဲ့သည်။

"ဒီလိုမျိုးအားနည်းနေတဲ့ဖိုးဖိုးကိုမြင်ရတာ ပထမဆုံးပဲ။ ကျွန်တော့်ကျောင်းစရိတ်နဲ့ ကျွန်တော်လူတောတိုးနိုင်ဖို့ ဖိုးဖိုးက အမြဲတမ်းတွေးပူနေခဲ့တာမို့ ဖျားဖို့အချိန်တောင်မရှိခဲ့ဘူးထင်ပါတယ်။ ဒီလိုမျိုးလူက အခုလို အိပ်ရာထဲလဲနေတာကိုမြင်ရတာ တကယ်အဆင်မပြေဘူး"

မြင့်မြတ်ပိုင်နောင်ကို မော့ကြည့်လာသည့် မျက်ဝန်းတွေသည် မျက်ရည်များစီးကျနေပြီးပြီဖြစ်သည်။ မြင့်မြတ်ပိုင်နောင် သူ့လက်နှင့် မျက်ရည်စတို့ကိုအသာသုတ်ဖယ်ပေးလိုက်ပြီးခေါင်းလေးကိုပွတ်သပ်ပေးနေ၏။

"မေမေတို့ အဲ့လို ရုတ်တရတ်လောကကြီးကထွက်သွားသလိုမျိုး၊ ဖိုးဖိုးသာထွက်သွားမယ်ဆို..ရင်"

အသံတွေတုန်ယင်လာကာ သူ့ရင်ခွင်ထဲတိုးဝင်လာသူ၏ ကျောပြင်ကို ခပ်ဖွဖွကလေးပုတ်ပေးရန်သာ မြင့်မြတ်ပိုင်နောင် တတ်နိုင်ခဲ့၏။

HONEYWhere stories live. Discover now