Part 16

5.9K 685 52
                                    

Unicode~

သူတို့နှစ်​ယောက် ​တောင်ကိုးရီးယားကို ပြန်​ရောက်ချိန်မှာ ​ဒေသစံ​တော်ချိန်အရ ​နေ့လယ် ၁နာရီဖြစ်သည်။

ဘယ်မှာမှအတိအလင်း ​ကြေညာထားတာမျိုး မရှိ​​သော်လည်း မီဒီယာ​တွေက ဘယ်​နေရာ​က​နေ သတင်းအနံ့ရလိုက်သလဲမသိ။ အုပ်စုလိုက်ကြီး ပြွတ်သိပ်လို့ ​စောင့်​နေကြသည်။
​လေယာဥ်​ပေါ်က ဆင်းလာပြီး ​စင်္ကြန်တ​လျှောက် ​လျှောက်လာ​တော့ သတင်းသမား​တွေက ပုရွက်ဆိတ်​တွေလို အုံလိုက်ရုံလိုက်ကြီး ​တောက်​လျှောက်လိုက်လာသည်။

"အခု နှစ်​ယောက်သား အဆင်​ပြေသွားကြပြီလို့ ဆိုလိုတာလား"

"စေ့စပ်ပွဲဖျက်သိမ်းမယ်လို့ သတင်း​တွေထွက်​နေတာအတွက်​ရော ​ဖြေရှင်းချက်မ​ပေး​တော့ဘူးလား"

Netizen​တွေဆိုတာ သူများကိစ္စကို ထင်​ကြေး​ပေးပြီး ​လျှောက်​ပြော ​လျှောက်​ရေးဖို့ဆို ထိပ်ဆုံးက။ အခုလည်း ​​စေ့စပ်ပွဲဖျက်မယ်လို့ ထင်​ကြေး​ပေးထားကြပြန်ပြီ။ Taehyung ထုတ်​ပြောခဲ့ဖူးတယ်ဆို​ပေမဲ့ ဒါက နှစ်ကိုယ်ကြား ခဏ​လောက် က​တောက်ကဆဖြစ်သွားတာ​တွေပဲ​လေ။
ဒါကို မီဒီယာ​တွေသိစရာအ​ကြောင်းမှ မရှိတာ။

"​ကျွန်​တော်တို့ ​​​စေ့စပ်ပွဲမဖျက်ပါဘူး။ သက်သက်မဲ့ စကားချဲ့​နေကြတယ်လို့ပဲ ​ပြောချင်ပါတယ်"

JungKook ​ဖြေလိုက်သည်။ သူတို့နှစ်​ယောက်မှာ နာမည်ကြီးအနုပညာရှင်​တွေ မဟုတ်တာ​ကြောင့် မန်​နေဂျာ​တွေ၊ ​ဘော်ဒီဂတ်​တွေလည်း မပါလာ။
မီဒီယာ​တွေ တွန်းတွန်းတိုက်တိုက်​မေး​နေသည့်ကြားက တိုး​ဝေ့ပြီး ​မေး​နေသည့်ကြား သူ့မှာ Taehyungကို အမိအရ ဆုပ်ကိုင်ထားရသည်။
မ​တော်လို့ ထိခိုက်မိကုန်ရင် ရင်ကျိုးရချည်ရဲ့။

"ဒါဆို Park Eunyoungနဲ့ ပတ်သက်မှုက​ရော"

"အဲ့တာက အလုပ်ကိစ္စနဲ့ထွက်ရတဲ့ခရီးပါ။ ခင်ဗျားတို့ချဲ့ကား​ပြော​​နေသလို ထူးဆန်းတဲ့ ပတ်သက်မှုမျိုး လုံးဝမဟုတ်ပါဘူး"

လာကြိုတဲ့ကား​ပေါ် မတက်မချင်း လူအုပ်ကြီးက ​တောက်​လျှောက်ပါလာသည်။ ​မေးခွန်း​တွေကလည်း ဟိုတစ်​ပေါက်သည်တစ်​ပေါက် ပွက်ပွက်ညံလို့။
Taehyungမှာ အ​တော်​လေးစိတ်ရှုပ်​နေပုံ​ပေါက်ကာ စကား​သံတောင်ထွက်မလာ​တော့။
ကား​ပေါ်​ရောက်မှသာ သူတို့နှစ်​ယောက်လုံး အသက်ဝဝရှူနိုင်​တော့သည်။

ᒪᑌᗷᗷ - ᗪᑌᑭWhere stories live. Discover now