"ကိုယ်​နောက်တစ်ခါ မင်းကို အသိမ​ပေးဘဲ ​ဘယ်မှမသွား​တော့ဘူး"

"​စောင့်ကြည့်​နေမယ်"

"စေ့စပ်ပွဲ မဖျက်ရဘူး​နော်"

"အိပ်ပါ​တော့ဆို.. စကားကိုများတယ်"

သူ့လည်တိုင်နားထိ တိုးဝင်လာပြီး တစိုက်မက်မက် ရှိုက်နမ်းလိုက်​သော အနမ်း။ သူ့ခန္ဓါကိုယ်​တ​လျှောက်က ​သွေး​ကြော​တွေ ရပ်ဆိုင်းသွားသည့်နှယ် ​တောင့်ခနဲဖြစ်သွားသည်။
သူ့အတွက် သည်လိုအထိအ​တွေ့က ရူး​လောက်စရာ မရင်းနှီး​သော အထိအ​တွေ့ဖြစ်သည်။

"လွတ်ဦး"

"အင်း.."

'အင်း'ဆိုတာက စကားနား​ထောင်ပြီး​ခေါင်းညိတ်​ထောက်ခံ​သော အသံမဟုတ်။ ပိုပြီးတစ်စထက်တစ်စ နစ်ဝင်နမ်းရှိုက်လာ၍ ထွက်လာ​သော အသံ။

​ပူ​နွေး​နွေးအထိအ​တွေ့က သူ့အင်္ကျီစ​အောက်က​နေ တိုးဝင်လာသည်။ သည်အသက်အရွယ်​ရောက်​နေတဲ့ ​ယောကျ်ားတစ်​ယောက်အ​နေနဲ့​တော့ ဘယ်​ခြေလှမ်းလှမ်း​နေတယ်ဆိုတာ မသိရ​လောက်တဲ့အထိ ဖြူစင်​နေတာမဟုတ်။

ဒါ​ပေမဲ့ ကိုကြီးက ဖျား​နေတာ​လေ မဟုတ်ဘူးလား။ ဖျား​နေတဲ့လူက ဘယ်လိုလုပ်ပြီး သည်လိုစိတ်​ ဝင်နိုင်ရတာလဲ။
သူ ကိုကြီးနား အရမ်းကပ်မိလို့ စိတ်​တွေကြွကုန်တာများလား။

"မရဘူး​နော်.. ကိုကြီး ဖျား​နေတယ်"

"လူပဲဖျားတာပါ"

"မရ အွန့်.."

နမ်း​နေ၍သာ နမ်းရတာ.. ကိုကြီးနှုတ်ခမ်း​တွေက ပူ​နွေးလွန်းလို့ သူ့နှုတ်ခမ်း​လေး အ​ရည်​ပျော်လုမတတ်။
ပထမ​​တော့ သူရုန်းနိုင်သမျှ ရုန်းကြည့်​ပါ​သေးသည်။ ​နောက်​တော့ နှုတ်ခမ်းပါးနှစ်စုံက သူ့အလိုလို စည်းချက်ညီညီ ​ရွှေ့လျားလာသည်။
မျက်ဝန်းများ အလိုလိုမှိတ်ကျသွားပြီး​နောက် အရာရာက မှိန်း​မောစရာ။

ပတ်ဝန်းကျင်တစ်ခုလုံးကို ​မေ့​လျော့ပြီး ​​လေ​ပေါ်ဝဲ​နေသလို ခံစားချက်မျိုး။ ရင်တလှပ်လှပ်၊ အသည်းတစ်​အေး​အေး။
ဟိုးအမြင့်ကြီးက​နေ ပြုတ်ကျသွားသည့်နှယ် သူဟာ ကိုကြီးရဲ့ ​အင်္ကျီကော်လာစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိလျက်။

ᒪᑌᗷᗷ - ᗪᑌᑭWhere stories live. Discover now