ခက်တော့ ခက်နေပါပြီ !

"မဟုတ်လို့လား ? အဲ့လောက်မခွဲနိုင်ရင်လည်း အိမ်သာခေါ်ထားလိုက်တော့ ဒီအမေက အကုန်ခွင့်ပြုတယ် !"

"တော်ပြီဗျာ ! သွားတော့မယ် !"

"ဆိုင်ကယ်ကို ဂရုစိုက်မောင်းဦးနော် ~"

"ဟုတ် !"

ဆက်နေရင် မေမေ့အပြောနဲ့တင် ဒီလူက မျက်နှာတစ်ခုလုံးအပူလွန်ပြီး ဆေးခန်းပြရတော့မည်။ဒါကြောင့်ပဲ လုပ်နေကျအတိုင်း လက်ပြနှုတ်ဆက်က လမ်းချိုးလေးအတိုင်း ဖြေးဖြေးမှန်မှန်မောင်းထွက်လာခဲ့သည်။

ကျွီ..! ဒုန်းး..!

ခပ်မှန်မှန်သာသွားနေသော ဆိုင်ကယ်အနီလေးသည် လမ်းသုံးခွအရောက်တွင်တော့ တစ်ဖက်လမ်းကြားမှ ဖြတ်တတ်ကာ ကွေ့လာသည် မော်ဒယ်လ်မြင့်ကားအနက်ဖြင့် ပွတ်တိုက်မိတော့သည်။

"အာ့ ! ကျွတ် ! "

မှောက်သွားတဲ့ဆိုင်ကယ်အနီလေးဘေး သွေးထွက်နေသောတံတောင်ဆစ်ကလေးအား မျက်ခုံးတွန့်စွာကြည့်ရင်း နာနာကျင်ကျင်ညည်းညူလိုက်မိသည်။

ကံကောင်းလို့သာပေါ့။အရှောင်မြန်လို့ ဒီလိုပွန်းပဲ့ရုံဖြစ်သွားတာဖြစ်သည်။နမို့ဆို ဆေးရုံထမင်းက ထယ်ယောင်းအတွက်ဖြစ်လိမ့်မည်။

ဘုန်းး!

ကားတံခါးဖွင့်သံကြောင့် လားရာကိုကြည့်တော့ high heelအနက်တစ်စုံနဲ့အတူ တဖြည်းဖြည်းရုပ်လုံးပုံလာသည့်မိန်းကလေးကြောင့် သိလိုက်ပါပြီ။သူဌေးသားသမီးတွေဆိုတော့ လမ်းကိုသူ့အဖေ့ပိုင်သလို ပရမ်းပတာမောင်းတာ မဆန်းပါလေ။

"ဟေးးယူ ! ရရဲ့လားဟင် ?"

"မင်းကွာ ! ကားကို ဘယ်လိုတောင်မောင်းရတာလဲ ? အကွေ့မှာ အချက်ပြမီးလေးတော့ ပြသင့်တာပေါ့ !"

"ဟို တို့က အခုမှ လမ်းမပေါ်ကားစမောင်းတာမို့ ~ "

တစ်ဖက်ဆီမှ အားနာဟန်မျက်နှာငယ်လေးနဲ့အတူ ငိုမဲ့မဲ့အသံကြောင့် ထယ်ယောင်းဆက်ပြီး အကျယ်မချယ်ချင်တော့။ဘာမှ မထူးတော့တာ။

"ကျစ် ! ပြီးပြီးသားပဲ ! ငါလည်း ဘာမှမဖြစ်တော့ ထားလိုက်ပါတော့ ! ဒါမဲ့ နောက်အခါ ကား‌မောင်းမယ်ဆိုရင် ကျွမ်းကျင်မှ ခုလိုလမ်းမကြီးပေါ်တက် !"

Love = Love ( Taekook ) ( Completed )Where stories live. Discover now