Unicode
မနေ့ကနဲ့မတူစွာ ဂျောင်ဂုတစ်ယောက် ကင်မ်ထယ်ယောင်းဆိုတဲ့လူကို ဒေါသပုန်ထ၍ တစ်လမ်းလုံး တောက်တစ်ခေါက်ခေါက်ဖြင့် ကားကိုလည်း အကြမ်းမောင်းကာ အိမ်ပြန်လာခဲ့သည်။ဒေါပွတာလည်း မနေ့ကလို သူ့ကိုထက်ကြောသွားလို့ပင်။သူပြောတာကို ဆုံးအောင်နားမထောင်သွားတာလောက် ဒေါသထွက်တာမရှိ။အခုထိလည်း အရှိန်ကမပြေသေး။
ပြသနာရှာဖြစ်အောင် ရှာမှာကြည့်နေ..!
သို့ပေမယ့် အကြံကောင်းမထုတ်ခင်မှာပင် သတိရသွားတာက ထိုလူရဲ့ခြိမ်းခြောက်စကားပင်။ထိုအရာကြောင့်ပဲ သူ့မှာ ထပ်ငြိမ်နေရတော့မည်မလား။
စိတ်ပုတ်ကောင်ကြီး..!"အားး..! ကင်မ်ထယ်ယောင်း..! "
ဒုန်း..!
ဒေါသရှိန်ဖြင့် ကားsteering wheelကို ခပ်ပြင်းပြင်းထုချမိတော့ နဂိုတည်းက သူဌေးသားနုနုလေးရဲ့ လက်က ခပ်မာမာအရာနဲ့ထိမိတာမို့ ချက်ချင်းရဲတက်လာကာ မျက်ရည်ဝဲသည်အထိ နာသွားရပြန်သည်။
"အာ့ နာလိုက်တာ !"
.
.ကျွီ__
အတွေးတွေဖြင့် အိမ်တော်ရောက်တော့ ကားပေါ်က ခပ်မြန်မြန်ဆင်းကာ အခန်းဆီသွားဖို့သာ အလျင်လိုနေမိသည်။ဒီညနေ အစ်ကိုယွန်းဂီနဲ့ ချိန်းထားသည်လေ။အပြတ်ရွှိုင်းလို့ သွားရမယ်မလား။ကားသော့ကို လက်ညိုးလေးထဲထည့်လို့ လှည့်ကစားရင်းမှ ရှေ့ကို မော့ကြည့်မိတော့ သိပ်မုန်းသည့် အမျိုးသမီးက ဂျောင်ကုအား အပြုံးတွေနဲ့ ဆီးကြိုနေသည်။
အဲ့အပြုံးတွေက လူသတ်လက်နက်ဆိုတာ ဂျောင်ကုကြုံခဲ့ဖူးတာ လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းကပေါ့..!
"မာမီ့သားလေး ပြန်လာပြီလား..?"
ဟိုအရင်ကတည်းက ကျောင်းကပြန်လာလို့ အဆင်ပြေလားတစ်ခွန်းမမေးတဲ့သူက အခုမှမေးတယ်တဲ့လား။ရယ်စရာကောင်းလိုက်တာ။အခြားလူတွေအမြင်မှာတော့ သားအပေါ်သိပ်ဂရုစိုက်တယ်လို့ထင်မှာပေါ့။တကယ်တမ်း သူမ လုပ်ချင်ရာ လုပ်ပြီး အပြစ်လွတ်အောင် မျက်နှာချိုသွေးနေတာ။
ထိုအမျိုးသမီးဆီက သားလို့ ကြားရတိုင်းရင်ထဲ ဆစ်ခနဲနာကျင်သည်။အရိုးစွဲတဲ့အထိ နာကြည်း
သည်။သူ့အသက်နဲ့မလိုက်စွာခံစားခဲ့ရတဲ့ဝေဒနာတွေက အခုထိလက်ဆက်တုန်းပဲ။
VOUS LISEZ
Love = Love ( Taekook ) ( Completed )
Roman d'amourUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 20. 4.2022 End date - 16. 5.2023 #Nectarine #I don't own photos that contain in this fic.