"ommအဲ့ဒါက 2နာရီမှလေ စောသေးလို့ ပြီးတော့ကျောင်းနားကကိုကို့သူငယ်ချင်းဆိုင်ဝင်ရအုံးမှာမို့ လမ်းကြုံလို့ "​

"........."

" ဒါဆိုစားပြီးရင်လိုက်ခဲ့နော် ကားထဲမှာစောင့်နေမယ် "

ဂျောင်ကုသူထွက်သွားပြီး နောက်မှာကျန်နေသည့်မျက်ဝန်းတွေကိုတော့လျစ်လျူရှု့ထားလိုက်သည်...

အေးလေ သူမှဂရုမစိုက်တာ!

...........................

"ရပြီကိုကို.."

" ကျောင်းထဲထိလိုက်ပို့ပေးမယ် "

တောင်းဆိုတာမဟုတ်သလို ပြောပြရုံသာမို့
သူ့ညီမတုန့်ပြန်သံကိုတောင်မစောင့်ပဲထွက်လာလိုက်သည် ။

သူကားပေါ်ကဆင်းတာနဲ့ကျောင်းသူကျောင်းသားတွေရဲ့အကြည့်ကဟိုတစ်စဒီတစ်စ

"ဘယ်သူလဲ??"

ဆိုင်းမဆင့်ဗုံမဆင့်မေးချလာပြီး ဟိုရှာကြည့်ဒီရှာကြည့်လုပ်နေတဲ့ညီမက
သူ့ကိုတည့်တည့်စိုက်ကြည့်လာသည်

"ဘာကို??"

"တမိုးအောက်ဂျွန်ဂျောင်ကုကို အခုလိုအရူးပုံစံဖြစ်အောင်ဘယ်သူလုပ်တာလဲလို့ "

သူ့ပုံစံကအရမ်းများသိသာသွားသလား?

" စကားမများနဲ့ လာ! ညီမလေးရဲ့ပညာရေးနဲ့ပတ်သက်ပြီး ကျောင်းအုပ်နဲ့ခနဆွေးနွေးရအုံးမယ် "

ဆူဂယောင်းကတော့ကြောင်စီစီနဲ့ပင်လိုက်သွားရသည်...
သူမကနှစ်ယောက်မရှိဂျွန်ဂျောင်ကုညီမဂျွန်ဆူဂယောင်းပါ...
စာဆိုပြေးကြည့်စရာကိုမလိုဘူး.
Aဆိုတာ ဘာသာတိုင်းပဲလေ
အဲ့ဒါကြောင့် သူကအခုဘာကိုဆွေးနွေးမှာလဲ??

ရုံးခန်းထဲဝင်သွားတဲ့အစ်ကိုဖြစ်သူကိုနှုတ်ဆက်ပြီးမှသူလဲဆက်လျှောက်လာသည်
ဂျွန်ဂျောင်ကု အထဲကိုရောက်တော့

"ဟို..ဘာဖြစ်လို့လဲမသိဘူး အာ!ဆူဂယောင်းအစ်ကိုထင်တယ် ဘာများဖြစ်လို့လဲမသိဘူး "

"ဘာမှမဖြစ်ဘူး အခန်းမှားဝင်တာ! "

ဂျိန်း!!!

အခန်းတော်တော်များများကိုဖြတ်ကျော်ပြီးတော့
ဟော!တွေ့ပါပြီ ဆေးပေးခန်းဆိုတဲ့ဆိုင်းဘတ်လေးး...

I Want Is To Be Yours(Z+U)Where stories live. Discover now