Outdoor အလုပ်ကိစ္စတစ်ခုနဲ့ ငယ်ရယ် အဖွဲ့ခေါင်းဆောင် အစ်မရယ် စီနီယာကိုထက်ဝေဟန်ရယ်သုံးယောက်သားအလုပ်အပြီး နေ့လည်စာချိန်ကျော်နေတာကြောင့်အပြင်မှာသာစားဖို့ လုပ်လိုက်ရသည်.....

စားနေရင်းတန်းလန်းခေါင်းဆောင်ဖြစ်သူ မအိဖြူက သန့်စင်ခန်းဆိုပြီးထသွားလေသည်.....
သူနဲ့ကိုထက်ဝေဟန်သာကျန်ခဲ့လေသည်....

ကိုထက်က ဟာသဥာဏ်ရှိသည်...ငယ်တို့ မနက်တည်းက ကိုထက်ကြောင့် မပျင်းရ ဟိုပြောဒီပြောနဲ့ အလုပ်တွေပြီးသွားလေသည်.....

ငယ်ထမင်းစားနေရင်းတစ်ယောက်ယောက်က စူးစိုက်သလို ကြည့်နေတယ်ထင်တာမို့ ဘေးဘီဝဲယာကိုကြည့်လိုက်တော့ ငယ်တို့ရှေ့ဝိုင်းမှာ ရှပ်နီညိုရောင်နဲ့ရှင်းသန့်ခန့်ညားနေတဲ့ကိုကိုယံ စားပွဲပေါ်လက်တင်ကာ ငယ့်ကိုစူးဆိုက်ကြည့်နေလေသည်....

"ဆက်"

"စိမ်း Dutyချိန်မို့ နောက်ကျသွားတယ် sorryနော်"

"ရပါတယ် နီလာစိမ်း ငါလည်းအခုမှရောက်တာ"

ကိုကိုယံနဲ့ဆင်တူကြက်သွေးရောင်မြန်မာဝမ်းဆက်ကိုချပ်ချပ်ကပ်ကပ်ဝတ်ထားတဲ့ မမတစ်ယောက်က ကိုကိုယံထိုင်နေတဲ့ဝိုင်းမှာ ဝင်ထိုင်နေလေသည်......

သူ့ကောင်မလေးဖြစ်မယ် Dateနေကြတာနေပါရဲ့...
ငယ်စိတ်ထဲ ဘာရယ်မဟုတ် ဝမ်းနည်းသွားကာ စားနေတဲ့ထမင်းတွေတောင် ဘာအရသာမှန်းမသိတော့ဘဲ ပါးစပ်ထဲသာထိုးထည့်နေမိသည်.....

ဆက်ကောင်းယံ အစက လွင်လေးငယ်က သူ့ကောင်လေးနဲ့လာချိန်းနေတယ်ထင်တာ နောက်မှ အမျိုးသမီးတစ်ယောက်ထပ်ရောက်လာတာမို့  အတွဲများမဟုတ်ဘူးလားတွေးမိပြန်သည်....
သုံးယောက်လုံးက NVက ဝန်ထမ်းဝတ်စုံတွေနဲ့မို့ လုပ်ဖော်ကိုင်ဖက်တွေများလား....

အတွေးများနေတဲ့ သူ့ခေါင်းကိုသူခါထုတ်လိုက်သည်...
သူဘာသာအတွဲရှိရှိမရှိရှိ ငါနဲ့ဘာဆိုင်သလဲ.....

"ဆက် နေမကောင်းဘူးလား"

"ကောင်းပါတယ် ထည့်စားနော် နီလာစိမ်း"

သူနဲ့နီလာစိမ်းက ဆေးကျောင်းတစ်ကျောင်းတည်းတက်ခဲ့ပေမယ့်တစ်ယောက်နဲ့တစ်ယောက်မရင်းနှီးခဲ့ ဆေးရုံတစ်ရုံတည်း အတူတာဝန်ကျပေမယ့်လည်းအလုပ်ကိစ္စကလွဲလို့ အထွေအထူးမပြောဖူး.
ဒီနေ့လည်းဖေဖေချိန်းထားလို့သာ ထမင်းအတူလာစားရတာ.....

ကျွန်မရဲ့ ရေဒီယိုWhere stories live. Discover now