-အစ်ကိုသိပ်မုန်းတယ်ဆိုတဲ့ကင်မ်ဆိုတဲ့မျိုးရိုးကိုကျွန်တော်သိပ်မုန်းတာပဲ
အချစ်ခံရတဲ့သူပဲကျွန်တော်ဖြစ်ချင်တယ်

-အစ်ကိုကသိပ်လှတယ်

-မောင့်ကိုလက်ခံပေးလို့ကျေးဇူးနော်မောင့်အသက်

-အချိန်တိုင်း ကြားရတာငြီးငွေ့နေရင်တောင်မောင်ကဒီစကားပဲပြောနေမှာ...

-မောင်လိုက်လာမယ်နော်မောင့်အသက်ရေ
ထပ်တွေ့ခဲ့ရင်လဲမောင့်ကိုလက်ခံပေးတဲ့မောင့်အသက်အနားကိုကပ်ပြီးကျေးဇူးတင်ကြောင်းမောင်ပိုင်ဆိုင်တဲ့နှုတ်ခမ်းဖူးဖူးလေးကိုနမ်းပြီးဆိုနေအုံးမှာ

ထိုအရာတို့သည် မည်သူမှမသိခဲ့သည်တိုးတိတ်စကားတို့....
ဒီပွဲမှာတော့ငါတို့သုံးယောက်လုံးမနာကျင်ရဖို့မျှော်လင့်မိတယ်!!

........................................

" ကျောင်းအုပ်ကြီး ဒါက သမီးအစ်ကိုပါ"

"ဪ...လာပါ..လာပါ"

ညီမဖြစ်သူရဲ့ပညာရေးနှင့်ပတ်သက်ပြောဆိုပြီးနောက်တော့ ဟောခန်းလိုနေရာကိုသွားရသည်...

များစွာသောတင်ဆက်မှုတွေကိုဂျောင်ကုဆက်မကြည့်နိုင်ပါ...

ဒါကြောင့်ဆေးလိပ်သောက်ရန် ဆူဂယောင်းကိုခနပြောပြီးထွက်လာလိုက်သည်...

သူတောင်သတိမထားမိပဲရောက်လာတဲ့နေရာကဆေးပေးခန်းအရှေ့ကမြေကွက်လပ်လေးတစ်ခု...

ဘောင်းဘီအိတ်ထဲကဆေးလိပ်တစ်လိပ်ကိုထုတ်လိုက်ပြီး ပါးစပ်မှာတေ့လိုက်သည်..
ကျန်တဲ့လက်တစ်ဖက်က တော့ မီးခြစ်ကိုပြန်စမ်းသည်..

"ဒီနေရာကဆေးလိပ်သောက်တဲ့နေရာမဟုတ်ပါဘူး..ကျောင်းဝန်းဆိုတာသတိထားပေးရင်ကောင်းမယ် ကလေးတွေကအတုယူလွယ်တယ် ဆင်ခြင်ပေးပါ "

အမိန့်သံလဲမဟုတ်သလိုတောင်းဆိုသံလဲမဟုတ်နေသည့်အသံငယ်လေးက ပျော့ပျော့ပျောင်းပျောင်းရယ်သာ။

" ......"

"တကယ်လို့ဒီကစိတ်မထိန်းနိုင်ဘူးဆိုရင် ကျောင်းပြင်ထွက်သောက်ပေးပါ ကျောင်းသားအုပ်ထိန်းသူထင်တယ် တစ်ချက်လောက်ဆင်ခြင်ပေးရင်ကောင်းမယ်ခင်ဗျ"

I Want Is To Be Yours(Z+U)Where stories live. Discover now