"ငါ့ညီမရယ် ပွဲစားနဲ့မဟုတ်ပဲ အခန်းရှင်တိုက်ရိုက်ငှားရတာနဲ့တင် ငါ့ညီမသက်သာနေပီ မဟုတ်ရင် ပွဲစားကိုက တလစာလောက်ပေးရသေးတာ"
"ဟုတ်တော့ ဟုတ်ပါတယ် အန်တီ သမီးလဲစဉ်းစားနေတာ ဟိုဟာလေ....."
"ဘာမှစဉ်းစားမနေနဲ့ ခုမယူရင် သူများနောက်ပါသွားမှာ ပတ်ဝန်းကျင်သန့်တော့ ကြိုက်ကြတယ် သိတယ်မလား....ဟိုဘက်အိမ်ဆိုလဲ ကျောင်းဆရာမ သားအမိနေတာ အေးဆေးတွေပါပဲ"
"ဟုတ် အန်တီ....အဲ့တာတွေက အဆင်ပြေပါတယ် ဒါမဲ့လေ ၆ ထပ်ဆိုတော့ တက်ရတာ....."
"အော် ဘာများလဲလို့ အန်တီတို့လို လူကြီးတွေတောင် တက်နိုင်သေးတာ ညည်းတို့လူငယ်တွေက အေးဆေးပါအေ"
"ဟုတ်တော့ဟုတ်ပါတယ် ဒါမဲ့ သမီးက ကိုယ်ဝန်ကြီးနဲ့"
"ဟဲ့ အမျိုးသားရော....."
"အမျိုးသား...."
"အေးလေ ညည်းအမျိုးသားရော မပါလာဘူးလား"
"အမျိုးသားက.....ဆုံးသွားပီ"
"ဟယ် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ဟယ်.....ဗိုက်က ဘယ်နလရှိပီလဲ"
"၃လပြည့်တော့မှာအန်တီ အဲ့ကြောင့် နောက်ပိုင်းကျ အတက်အဆင်းခက်မှာစိုးလို့"
"အင်း....အောက်ထပ်တွေအခန်းလွတ်ရင် ငါညည်းကို ဒီဈေးနဲ့ပဲ ငှားပေးပါတယ်အေ...ခုက အခန်းတွေက ပြည့်နေတာ အပေါ်နှစ်ခန်းပဲရတော့တာ"
"ဟုတ်အန်တီ သမီးနားလည်ပါတယ်....အဲ့ဆိုလဲ ဒီအခန်းပဲ ယူလိုက်မယ်လေ နောက်ပိုင်းအဆင်လုံးဝမပြေမှ သမီးတခုခုစီစဉ်လိုက်မယ်"
"အေး အေး.....ငါ့ဖုန်းလဲ ယူထား တခုခုဆို ဆက်ခဲ့လိုက် ငါမအားလဲ ငါ့ညီမရှိတယ်အိမ်မှာ....လမ်းထိပ်တိုက်က အောက်ဆုံးထပ်က ကုန်စုံဆိုင်သိတယ်မလား အေး....အဲ့တာ ငါ့အိမ်ပဲ နီးတယ် တခုခုဆို"
"ဟုတ် အန်တီ ကျေးဇူးပါ"
ဒေါ်တင်မမ မျက်စိရှေ့က မိန်းကလေးကိုကြည့်ပီး စိတ်ထဲမကောင်း။ သူမကြည့်ရတာ ဟိုလိုဇယားရှုပ်တဲ့သူပုံမျိုးမဟုတ်တာသေချာတာမလို့ ဂရုဏာသက်မိသည်ကတော့အမှန်။ ပွဲစားလဲလုပ် ဈေးလဲရောင်းတဲ့သူမလို့ လူကဲခတ်ကတော့ တဖတ်ကမ်းခတ်တော်သည်မလား။ ကလေးမလက်ထဲ သော့တွဲကိုထည့်ပေးပီး လှည့်ထွက်မယ်အလုပ်
YOU ARE READING
အချစ်တွေအမုန်းတွေရဲ့ အလွန်.....
အခန်း (၂၄) Zawgyi
Start from the beginning