Love started by those glasses 3

Start from the beginning
                                    

"အဲ့တာကြောင့်ငါမင်းကို ကုတင်ပေါ်တက်အိပ်လို့ပြောတာ"

ဂျေးက ဂွမ်းစကိုပစ်လိုက်ပီး နှစ်ဖက်ပါဝါဂွမ်းချောင်းကို လိမ်းဆေးသုတ်လို့ ပြောတယ်။ပီးနောက် အသာအယာလေး ဆောင်ဟွန်းဒဏ်ရာပေါ်တို့ထိလို့ ဆေးလိမ်းပေးတယ်။

အိပ်ယာထခါစဖြစ်တာကြောင့် ကြည်လင်နေတဲ့မျက်ဝန်းညိုညိုတွေကို အနီးကပ်မြင်နေရတဲ့ဆောင်ဟွန်းက နှလုံးသားပေါ်ပုရွက်ဆိတ်လေးတွေပြေးလွှားနေသလိုခံစားချက်မျိုးရနေတယ်။

"ဂျေး"

နာမည်ကိုခေါ်လိုက်တော့ အင်းခနဲလည်ချောင်းသံနဲ့ပြန်ဖြေပီး ဆေးလိမ်းနေတဲ့အမှုကိုပဲအာရုံစိုက်နေတဲ့ဂျေးက လှလွန်းလို့ဆွဲဖက်ပီးနမ်းပစ်ချင်စိတ်တွေက စိတ်အစုံဝယ်တဖွားဖွား။

"ငါမနေ့ညကပြောတဲ့စကား..."

ဆေးလိမ်းပေးအပီး ပလာစတာထုတ်လို့ ဒဏ်ရာကိုကပ်ပေးနေတဲ့လက်တို့က ဆောင်ဟွန်းစကားကြောင့် အနည်းငယ်တွန့်သွားတာကို သတိထားမိလိုက်ပါရဲ့။

"ငါတကယ်ပြောတာ။မင်းကိုတကယ်သဘောကျနေပီထင်တယ်"

မော့ကြည့်လာတဲ့မျက်ဝန်းတွေ။ဆောင်ဟွန်းကဖမ်းစားခံလိုက်ရသလိုစိုက်ကြည့်နေပေမယ့် ကြာကြာမကြည့်နိုင်သည့်ဟန် အနောက်ဘက်ကိုလက်ထောက်လို့ ခန္ဓာကိုယ်ကိုအနည်းငယ်နောက်တိုးယိုင်လိုက်ပီး အကြည့်လွှဲလိုက်တယ်။

"ငါမင်းမျက်လုံးတွေကိုကြာကြာမကြည့်နိုင်ဘူး ဂျေး"

"ဘာလို့လဲ"

"ကြာကြာကြည့်မိရင် ငါစိတ်လွတ်သွားပီးမင်းကိုနမ်းမိလိမ့်မယ်"

ပုံမှန်ထက်မြန်ဆန်သွားတဲ့အသက်ရှူသံ နောက်ပီးဆေးသတ္တာသိမ်းလို့ သူ့ရှေ့ကထသွားသံတို့ကိုရှေ့ဆင့်နောက်ဆင့်ကြားလိုက်ရတယ်။ဆောင်ဟွန်းအရှေ့ကိုပြန်ကြည့်မိတဲ့အခါ ဂျေးကရေချိုးခန်းထဲဝင်သွားပီ။

ဆောင်ဟွန်းလဲ ဂျေးရေချိုးပီးတာနဲ့ မနက်ဘက်ပါတခါထဲ ဂျေးအခန်းမှာပဲရေချိုးပီးညကအပိုယူလာတဲ့ ကျောင်းဝတ်စုံအသစ်ထုတ်ဝတ်လိုက်တယ်။

Love started by those glassesWhere stories live. Discover now