အခန်း (၂၃)

Start from the beginning
                                    

"ခနလေး ခနလေး အမလေး ဖြည်းဖြည်းပြောပါတာရာရယ် မဟာက ဘာမှမဖြစ်ဘူး အကောင်းကြီး"

"ဆေးရုံမှာဆို...."

"အင်း ဆေးရုံတက်နေရတာက ဧကရီ အဲ့ကြောင့်..."

အော် လက်စသတ်တော့ မဧကရီဆေးရုံတက်နေရလို့ စောင့်ပေးနေတာကြောင့် အိမ်ပြန်မလာတာကိုးးးး တော်ပါသေးတယ် သူဘာမှမဖြစ်လို့

"အဲ့တာ သူ့အသုံးဆောင်နဲနဲလာပြန်ယူပေးတာ သူ့တပည့်မောင်စိုးက သူ့အစားနယ်ဘက်ခရီးထွက်သွားရလို့ .... သူ့အတွက်အသုံးဆောင်နဲနဲ စီစဥ်ပီးထည့်ပေးလို့ရမလား"

"ဟုတ်...ဟုတ် ရပါတယ် ခနလေးထိုင်စောင့်နော် ရာရာ ခုအမြန်ထည့်ပေးမယ်"

အိမ်ပေါက်ဝကြီးမှာစကားကောင်းနေတာနဲ့ သူတို့ကိုပင် အိမ်ထဲထိုင်ဖို့မပြောမိ။ သူမခပ်သွက်သွက်အပေါ်တက်သွားမှ သူတို့လဲအိမ်ထဲဝင်ထိုင်ကာ စောင့်နေလိုက်ကြသည်။ ခနနေတော့ လက်ဆွဲအိတ်တအိတ်နဲ့  နောက်လက်တဖက်က အိတ်အသေးတလုံးကိုကိုင်ကာ ဆင်းလာတဲ့ တာရာ့ကိုမြင်တော့မှ သူတို့ထလာကြသည်။

"ဘယ်နှရက်နေမယ်မှန်းမသိလို့ ၄ရက်စာလောက်တော့ပြင်ပေးလိုက်တယ် ဒီအိတ်အသေးထဲက သွားတိုက်တံတို့ဘာတို့ထည့်ပေးထားတယ်.....အော် ခနလေးအချိန်ရသေးတယ်မလား ခနလေးပဲ"

ပြောပြောဆိုဆိုနဲ့ လက်ထဲက အထုတ်တွေကို နီးရာခုံပေါ်ချကာ မီးဖိုချောင်ဘက်ဝင်သွားတဲ့သူမ ၁၅ မိနစ်လောက်ကြာမှ ခြင်းတခြင်းနဲ့ပြန်ထွက်လာသည်။ ခြင်းထဲမှာလဲ ချိုင့်တွေမှအပြည့်။

"ယူလက်စနဲ့ ဒီဟင်းလေးတွေပါ ယူသွားပေးပါနော်....ဆေးရုံဆိုတော့ စားရေးသောက်ရေးမခက်ခဲပေမယ့် အဆင်မပြေမှာစိုးလို့....မမဧကရီ့အတွက်လဲ ကြက်စွပ်ပြုတ်အချိုလေးထည့်ပေးလိုက်တယ် သောက်လို့ရရင်တိုက်ပေးပါနော်...."

"ပန်းချီကားပေါ်က သွားစောင့်တော့မယ် ပစ္စည်းတွေယူပီးလိုက်ခဲ့တော့"

အကြာကြီးငြိမ်နေရာမှ ရုတ်တရက်ကြီးထပြောကာ ထထွက်သွားတဲ့ ပန်းချီ့ကြောင့် ဝေယံလဲ တာရာပေးသမျှအထုတ်တွေခြင်းတွေကိုယူကာ ဒရောသောပါးနဲ့ ပြေးလိုက်ရတော့သည်။ ကားပေါ်ရောက်မှ ကားစက်နှိုးရင်းပန်းချီ့ကိုကြည့်တော့ မျက်နှာက အတော့်ကိုပျက်နေပီ ဘာကိစ္စများရှိလို့ပါလိမ့် ခုနကအကောင်းကြီးကနေ....တော်တော်ချော့မေးတော့မှ ဘာမှမပြောခင် ရှိုက်ကြီးတငင် ငိုချလိုက်တော့ ဝေယံပင်လန့်ကာ လမ်းဘေးကားထိုးရပ်လိုက်ရသည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now