အခန်း (၂၃)

Start from the beginning
                                    

"ပန်းချီကလဲ ကိုယ့်ကို စိတ်မကောင်းအောင်..."

"အဲ့လိုကြီးတွေကြိုးစားလုပ်ယူနေရတာ ဘယ်လောက်ပင်ပန်းလဲ ကိုယ်တိုင်ခံစားဖူးမှသိတာ....ကိုယ့်ကို မလိုလားတဲ့သူဆိုပီးပါ​လေရော အဲ့ကြောင့် တာရာ့ကိုပိုသနားတာ...."

"ဒါမဲ့ ပန်းချီရယ် မဟာနဲ့ ဧကရီကလဲ ၁၀နှစ်ကျော်ချစ်လာတဲ့သူတွေလေ....သူတို့နှစ်ယောက်ရဲ့သံယောဇဥ်တွေကိုလဲ ထည့်တွက်ရဦးမယ်လေ ကိုယ်နဲ့ပန်းချီတောင် သူတို့လောက်တွေ့တာမကြာသေးဘူးဆိုပေမယ့် မခွဲနိုင်ဘူးလေ....သူတို့လဲ အဲ့လိုပဲပေါ့"

သူ့စကားမှန်တာမလို့ ပန်းချီ အငိုတော့တိတ်သွားးသည်။ ရှင်းရှင်းပြောရရင် မနေ့က မဟာသူတို့အကြောင်းပြောထဲက သူတာရာ့အတွက်စိတ်မကောင်း။ သို့သော် ကံတရားက ဒီလိုဖြစ်အောင်စီစဥ်မှတော့ သူတို့လဲအစွမ်းကုန်ပြင်ဆင်ပေးကြပေမယ့် အရာမထင်ခဲ့ဘူးလေ။ ဖြစ်သမျှအကြောင်း အကောင်းရယ်သာပေါ့.....

ဝေယံပြန်လာ​တော့ ယူလာပေးတဲ့ ပစ္စည်းတွေကယူလာတာ မနဲမနော။

"ဟေ့ကောင် ဘယ်လောက်တောင်ယူလာတာလဲ ခြင်းတွေပလုံးတွေကပါသေး"

"အေးကွာ.....ဒီလိုပဲ တွေ့ရာ ဆွဲကောက်ယူလာရတာ ဒီနားထားခဲ့မယ် ပန်းချီနေသိပ်မကောင်းလို့ ကားပေါ်မှာ ကျန်ခဲ့တာ သွားလိုက်ဥိးမယ် မနက်ဖြန်လောက်မှလာခဲ့တော့မယ်"

"​ပန်းချီနေမကောင်းဘူးလား ဝေယံ ဘာဖြစ်လီု့လဲ"

"ဒီလိုပါပဲ ဗိုက်အောင့်လို့လို့​ပြောတာပဲ စိတ်မပူပါနဲ့....ကဲသွားလိုက်ဦးမယ်ကွာ"

ခြင်းထဲက ဘာတွေပါလဲ ထပီးစပ်စုကြည့်တောမှ

ကို....ဘာတွေလဲ ခြင်းထဲက စားစရာတွေလား"

အစားမစားရတဲ့ ဧကရီ ဟင်းအနံ့တွေကြောင့် ခေါင်းထောင်ကာမေးလာတော့

"အင်း ဝေယံတို့ဝယ်လာပေးတာနေမယ် ဧကရီက စားလို့မရသေးဘူးလေ"

"ဗိုက်ဆာလှပီ ဟင်းနံ့လေးတွေကလဲမွှေးနေတာပဲ စားချင်တာ ငိုတောင်ငိုချင်နေပီ"

ငိုတော့မည့်ဆဲဆဲဧကရီ့ကြောင့် ချိုင့်တွေပြန်ဆင့်ကာ

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now