"ပန်းချီ ပန်းချီ ကိုဘာများလုပ်မိလို့လဲကွာ....ဘာလို့လဲ မငိုနဲ့လေ တိတ်တိတ်"
"....."
"ဘာလို့လဲ ကိုဘာအမှားလုပ်မိလို့လဲ"
ခေါင်းတွင်တွင်ခါပီး အငိုမရပ်သေးတဲ့ ပန်းချီ့ကြောင့် ဝေယံဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ ခနကြာတော့မှ ငိုသံကြီးနဲ့ ဗလုံးဗထွေးပြောလာတယ်။
"ကို..... တာရာလေးက သနားပါတယ်"
"ဘာဖြစ်လို့လဲ"
" မတွေ့ဘူးလား သူ့ခင်မျာ ကိုမဟာ့ကို စိတ်ပူပီး စောင့်နေရတာ ဒီရက်တွေမှာ ကိုမဟာက အကြောင်းမကြားဘာမကြားနဲ့နေနိုင်လိုက်တာ"
"ဒါကတော့ ပန်းချီရယ် သူတို့မှာလဲ သူတို့အကြောင်းတွေရှိသေးတယ်လေ"
"စဥ်းစားကြည့် ကိုယ့်ယောက်ျားက တခြားမိန်းမဆီရောက်နေလို့ အိမ်ပြန်မလာနိုင်တာကို အဝတ်စားပြင်ဆင်ထည့်ပေးရတဲ့မိန်းမက ဘယ်လိုခံစားရမလဲ....ပီးတော့ သူ့ခင်မျာ ဘယ်နရက်လောက်တောင် ကိုမဟာပြန်အလာကိုစောင့်နေလဲမသိဘူး ဟင်းတွေက အဆင်သင့်ချက်ထားသေးတာ ဘယ်အချိန်ပြန်လာလာအဆင်သင့်ဖြစ်အောင်လို့"
"ပန်းချီရယ် ဒါသူတို့ကိစ္စလေ အဲ့လောက်ဝင်ခံစားမနေပါနဲ့"
ငိုရင်းပြောနေတဲ့ ပန်းချီကလဲ ဘယ်လိုမှအငိုမရပ်..ဟုတ်တော့ဟုတ်သည် ပန်းချီပင်မဆိုထားနှင့် ခုနက အိမ်မှာ ဟိုကလေးမကိုအဝတ်စားပြင်ပေးဖို့ပြောဖို့ပင် သူဝန်လေးနေခဲ့တာ
"ပန်းချီသိတယ် တာရာ့မျက်လုံးတွေထဲမှာ ဘယ်လောက်တောင် ခံစားနေရမလဲဆိုတာကို....သနားပါတယ်ကိုရယ်"
"သနားပေမယ့် ကိုတို့မှ မကူညီနိုင်တာပဲ ပန်းချီရယ်"
"သူ့ခင်မျာ ကိုမဟာနဲ့အဆင်ပြေချင်လို့ဆိုပီး ကြိုးစားနေရှာတာမလား.....ခုတော့.... "
"အင်းပါ အင်းပါ....ကိုယ်နားလည်ပါတယ် ပန်းချီပြောတာကို"
"ပန်းချီလေ....တာရာ့ကိုမြင်ရတာ ဟိုးအရင်က ပန်းချီ့ကိုယ်ပန်းချီပြန်မြင်နေရသလိုပဲ....ကို
ပန်းချီ့ကိုချစ်လာအောင် နည်းပေါင်းစုံနဲ့ကြိုးစားနေရတာ"
YOU ARE READING
အချစ်တွေအမုန်းတွေရဲ့ အလွန်.....
အခန်း (၂၃)
Start from the beginning