အခန်း (၂၂)

Start from the beginning
                                    

"အဲ့ဆို မင်းငါ့ကိုရေပတ်တိုက်ပေးတုံးကကျ ဘာဖြစ်ရတာလဲ "

"ရှင်...."

ဆက်ပြောလေဆိုသောအထှာနဲ့မဟာ မျက်လုံးများမှေးပီး သူမကိုခြုံကြည့်လိုက်တော့

"ရှင့်ဘာရှင် ဘာထင်ထင် ကိုယ့်ဘာသာ အကျီအရင်ဝတ် အသက်ကြီးတော့ လေတွေဘာတွေဖြန်းသွားမယ်"

"ဘာပြောတယ်....."

သူ့စကားပင်မဆုံးပါ သူမကတော့ သူ့ရှေ့က ထွက်သွားပီ။ သူ့ကိုများ အသက်ကြီးသလေးဘာလေးနဲ့။ အသက်ဆိုတာ မဟာ့အတွက် ဂဏန်းတခုရယ်ဆိုတာ အဲ့ကလေးမ သိရလောက်အောင် ဥာဏ်မမီတာပဲနေမယ်....ကိုယ့်ဘာသာတွေးပီး စင်တခုပေါ်က မှန်အသေးလေးထဲမှာ ကိုယ့်မျက်နှာကို ကိုယ် ဘယ်ပြန်ညာပြန်ကြည့်ကာ သူ မအိုသေးဘူးဆိုတာကို ပြေးအတည်ပြုရသေးသည်။

"အဟမ်း...ဟို...ညစာ မချက်နဲ့တော့"

တာရာစိတ်ပေါက်ပေါက်နဲ့ ပြောချင်ရာပြောပီး မီးဖိုခန်းထဲဆင်းကာ ညစာချက်ဖို့ ပြင်ဆင်နေတုံး မကြာပါဘူး ဘေးကနေ သူရောက်လာပီး သူမကိုမကြည့်ပဲ နှာခေါင်းကုတ်သလိုလို လည်ပင်းပွတ်သလိုလိုနဲ့ ပြောနေတဲ့သူ့ကြောင့် တချက်ပြန်ကြည့်ကာ မျက်မှောင်သေးသေးလေးကျုံ့ပြလိုက်သည်။

"မချက်လို့မရဘူးလေ ဦးနေမင်းမဟာမစားလဲ ရာရာစားရဦးမှာ"

အေးလေ သူမစားလဲ သူမက စားကိုစားရဦးမှာ။ ပီးတော့ ဒီဟင်းချက်စရာတွေဘာတွေက သူမလစာနဲ့သူမဝယ်ခြမ်းထားတာတွေချည်း။ သူမစပီးမီးဖိုချောင်ဝင်ထဲက သူ့ဆီက ဘာတပြားတခြပ်မှ မယူခဲ့ဖူးပေ....ပြောရရင် သူ့ကိုတောင် ချက်ကျွေးထားရသေးသည်။

"မချက်နဲ့ အပြင်မှာသွားစားမယ် အကျီသွားလဲ"

"ဟင်...."

တာရာအံ့သြလွန်းလို့ သူ့ကိုပဲမိနစ်အတော်ကြာ မလှုပ်မယှက်နဲ့ကြည့်နေမိသေးသည်။ သူက.... သူလိုလူက.....ဦးနေမင်းမဟာက သူမကို ညစာအပြင်ထွက်စားဖို့ခေါ်တာတဲ့လား

"ဟေးးးး...ဘာကြောင်ကြည့်နေတာလဲ သွား မြန်မြန် နောက်ကျရင် မစောင့်ဘူး ငါ့ဘာသာသွားမှာ"

ပြောပြောဆိုဆိုနဲ့ထွက်သွားတဲ့သူ့စကားဆုံးမှ တာရာအသိပြန်ဝင်လာပီး အိမ်ပေါ်အမြန်တက်ကာ အဝတ်စားလဲရသည်။ အလျင်လိုနေပါတယ်ဆိုမှ ရင်တုန်သလို ရင်ခုန်သလိုဖြစ်နေတာကြောင့် အလွဲလွဲအမှားမှားနဲ့ မကြာသင့်တာတွေတောင်ပိုကြာ။ ဟိုလူက သူပြောသလို စိတ်ပုတ်ပီးလုပ်တတ်တာမလို့ သူများသွားနှင့်ပီးလားဆိုပီး ဝရံတာထွက်ကာ ကားသံက နားစွင့်ရသေးသည်။
လက်နှစ်လုံးလောက်ပဲရှိသည့်ကိုင်းကြိုးလေးနဲ့ တင်ပါးထိကျပ်ပီး အောက်ကျမှ ကားကားပြေပြေလေး ဝဲသွားတဲ့ပုံစံနဲ့ ဒေစီပန်းးပွင့်လေးတွေပါတဲ့ နက်ပြာရောင်ခြေသလုံးတဝက်လောက်ဂါဝန်လေးကို အပေါ်က ခဲဖြူရောင် ကာဒီဂန်လေးနဲ့တွဲဝတ်ထားတာမလို့ အမြင်မရိုင်းပဲ ကြည့်ရတာအဆင်ပြေသည်။ ဆံပင်တွေကိုလဲ အပေါ်တလွှာစည်းကာ ချထားလိုက်သည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now