............................................

" အဲ့ဒီတစ်ယောက်လား ရှောင်ကျန့် "

" အွန်း  ဟုတ်တယ်"

သူတို့ရှေ့က ခုံတန်းလေးပေါ်တွင် အေးအေးလူလူ စာထိုင်ဖတ်နေသော ကောင်လေးကိုမေးငေါ့ကာမေးလာသည့်ကျန်းကျန်ကို ရှောင်ကျန့်ခေါင်းငြိမ့်ရင်းဖြေလိုက်သည်.....။

စာအုပ်တစ်အုပ်နဲ့အလုပ်ရှုတ်နေသော ထိုကောင်လေးကတော့ သူတို့ကို သတိထားမိဟန်မတူ....။

" မင်းတို့သွားနှင့်တော့ ငါဒီနေ့အတန်းမတက်ဖြစ်လောက်တော့ဘူး "

" အွန်းပါ ဒါဆိုငါတို့သွားပြီ "

" ok "

မျက်စိတစ်ဖက်မှိတ်ပြကာ လက်တွေပါလှုတ်ရှား၍နှုတ်ဆက်လိုက်သော ရှောင်ကျန့်...။

ရှင်းချန်နှင့်ကျန်းချန် ပြန်သွားမှ စာဖတ်နေသော ထိုအဖြူကောင်လေးစီသို့သူ့ရဲ့ခြေလှမ်းများဦးတည်လိုက်သည်....လွတ်နေသောခုံ၏တစ်ဖက်ခြမ်းသို့ဝင်ထိုင်ရင်း ဘေးတိုက်အနေထားဖြင့် ထိုကောင်လေးကိုစိတ်ဝင်တစားကြည့်နေမိတယ်..။

ချောတယ်ဆိုတဲ့စကားထက်....
ပြီးပြည့်စုံလွန်းတယ်လို့ ပြင်ပြောရင် ပို၍မှန်လိမ့်မည်....
ဟုတ်တယ် ထိုကောင်လေးက
ပြီးပြည့်စုံလွန်းတယ်..
ဖြူဖွေးသောအသားရည်လေးနဲ့လိုက်ဖက်လွန်းလှတဲ့မျက်နှာချောချောလေးဟာလဲ ဆွဲဆောင်လွန်းတယ်.....။

တစိမ်းတစ်ယောက်ကသူ့အားဒီလောက်စူးစိုက်ကြည့်နေတာကိုတောင် သတိနည်းနည်းလေးမှမထားမိတဲ့ ထိုကောင်လေးကိုသူအံ့သြရပါတယ်....။

စာအဖတ်မပျက် အေးဆေးနိုင်လွန်းတဲ့ကောင်လေးကို ရှောင်ကျန့် စိတ်မရှည်ချင်တော့  ဆွဲဆက်သာဆောင့်ပစ်လိုက်ချင်တယ်...လူကိုကြည့်တော့ တစ်ချက်ထုစာမက နှစ်ချက်ထုစာမရှိနဲ့ ဘယ်လိုဟာလေးလဲ...။

ကိုယ့်မှာတော့ထိုင်ရတာကြာတော့
ဖင်တွေပါပူလာပြီ
ဒင်းလေးကတော့ အခုထိသူ့ဟာသူ ဟုတ်နေတုန်း...ရှောင်ကျန့်လဲပြင်းတာနဲ့ phထိုင်သုံးနေလိုက်တော့သည်...။

တော်တော်ကြာကြာနေတော့ သူ့ဘေးက ကောင်လေးက လှုတ်စိလှုတ်စိဖြစ်လာသည်မို့ လှည့်ကြည့်လိုက်တော့ လွယ်အိပ်လေးထဲစာအုပ်ထည့်ကာထထွက်ဖို့အလုပ် ပြန်လဲကျလာတဲ့ခန္တကိုယ်လေးအား ရှောင်ကျန့် အမိအရ ဝင်ထိမ်းပေးလိုက်မိသည်....။

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now