" အေးး မင်းပြောနေတဲ့သူကရော အပြစ်ကင်းမှာတဲ့လား မင်းပြောသလိုပဲပေါ့ ရှင်းချန်ရာ  လူပဲလေအတ္တကတော့ကြီးမှာပဲပေါ့ ဆိုတော့ခုကိစ္စမှာ ငါပဲဆုံးဖြတ်မှာမို့ မင်းကမမြင်ချင်မျက်နှာလွှဲထားလိုက်ပါ ok "

စကားမများစဖူး သူငယ်ချင်းတွေစကားများကြသည်မို့ ရှောင်ကျန့်ရော ရှင်းချန်ပါ စိတ်ရှုတ်မိတာတော့အမှန်ပင်...။

ကျန်းချန်ကတော့ နှစ်ယောက်လုံးကိုကြည့်ကာ ဘာမှတော့ဝင်မပြော...။

" တော်ပြီ ငါဒီနေ့အတန်းမတက်တော့ဘူး စိတ်ရှုတ်လို့ "

ရှင်းချန်အကောင်းနဲ့ပြောတာသိပေမဲ့ သူတကယ်စိတ်ရှုတ်မိသည်...။

" မပြောတော့ဘူး "

" ဘာ "

လှည့်ထွက်လာဖို့အလုပ် ရှင်းချန်ရဲ့ မပြောတော့ဘူးဆိုတဲ့ စကားကြောင့် နောက်တစ်ခေါက်ထပ်မေးလိုက်မိသည်...။

" ငါနောက်တစ်ခါဝင်မပြောတော့ဘူးလို့ ဟုတ်တယ် မင်းပြောတာမှန်ပါတယ် အဲ့ဒါကမင်းကိစ္စမို့ ငါ မမြင်ချင်ဟန်ယောင်ပေးမယ် "

ခနတာတိတ်ဆိတ်သွားသောလေထုကိုဖြိုခွင်းလိုက်သည်က ကျန်းချန်ပင်...။

" ကျစ်  တော်ကြပါတော့ ရှောင်ကျန့်ကလည်း ရှင်းချန်ကမင်းကိုကောင်းစေချင်လို့ပြောတာပါ ရှင်းချန်လည်းပဲ ရှောင်ကျန့်ကသူဆုံးဖြတ်ပြီးသားအရာကိုဘယ်တုန်းကများ ပြန်ပြင်လေ့ရှိလို့လဲ သူငယ်ချင်းတွေပဲကွာ ခုကိစ္စကိုမဖြစ်ခဲ့ဖူးလို့သဘောထားလိုက်ပါ "

" " အွန်းပါ " "

နှစ်ယောက်လုံး ခေါင်းငြိမ့်ကာ ကျန်းချန်အပြောကိုလက်ခံလိုက်တော့သည်..။

" ဆိုတော့ ခုနကငါတို့ဘာပြောနေကြတာပါလိမ့် "

" ငါမမှတ်မိတော့ဘူး  "

" ဟုတ်သား  ငါရောဘဲဟ "

" ဟားးးဟားးးဟားး "

သုံးယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မောကာ ပြေလည်သွားကြောင်းကို ဖော်ဆောင်သည်...။

အရင်လိုပဲ သူငယ်ချင်းတွေ စကားဝိုင်းဟာ  စိုစိုပြေပြေပြန်ဖြစ်သွားခဲ့တော့သည်...။

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now