"ကြာတော့ကြာပြီ၊ သိပ်မကြာသေးခင်ကမှ ပြန်ပြင်ဖို့ လူတစ်ယောက်ရှာလိုက်တာ။"

အမှန်တော့ ဒီအိမ်ဟာ လော့စုံတွဲက လော့လင်းရှန်းအား သူတို့အသက်ရှင်နေစဉ်တုန်းက ပေးခဲ့သည့် လက်ဆောင်တွေထဲက တစ်ခုဖြစ်၏။

မမျှော်လင့်ဘဲ သူ့မိဘများ ဆုံးပါးသွားပြီးနောက်၊ လော့လင်းရှန်းက ဒီအိမ်ကို ပြန်ရောင်းရန် တွန့်ဆုတ်နေခဲ့သည်။ တစ်နှစ်ပတ်လုံး လူမရှိရင်တောင်  ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ တစ်ယောက်ယောက်ကို အမြဲငှါးထားခဲ့၏။

"အန်ကယ်ချင်ကလည်း ဒီတစ်ခေါက် ကိုယ်တို့နဲ့ လိုက်မလာဘူး။ ကိုယ်ကလည်း ဆေးရုံမှာပဲရှိနေရမှာ။ စားချင်​တာရှိရင်​ အိမ်အကူတွေကို ပြောနော်။"

"သိပါတယ်၊ ကျွန်တော်က ကလေးမဟုတ်ပါဘူးနော်။ ကိုယ့်ကိုယ်ကို အဆာခံပါ့မလား?"

ရှီယွင်နန် လော့လင်းရှန်းအား အိပ်ခန်းထဲသို့ ခေါ်ဆောင်လာသည့်အခါ၊ ကြမ်းပြင်ကနေ မျက်နှာကျက်ထိရှိသည့် မှန်ပြတင်းပေါက်က ကြိုဆိုနေ၏။ နေ့လယ်ခင်း၏ နေရောင်ခြည်က ထိုဖောက်ဝင်ရောက်နေတာကြောင့်၊ အလင်းအနေအထားမှာ တကယ့်ကို ကောင်းမွန်လှသည်။

သူတို့ဗီလာက ဒီဧရိယာ၏ ရှေ့ဆုံးတန်းတွင်ရှိတာကြောင့် ကျယ်ပြန့်သည့် မြက်ခင်း၊ view ကောင်းသည့် ကျယ်ကျယ်ဝန်းဝန်း ရေကန်ကို မျက်နှာမူထားနေလေသည်။

ရှီယွင်နန်က ဝမ်းသာစွာ ပြုံးလိုက်ပြီး ပြောလာ၏။  "မောင်းဝင်လာတုန်းက အနီးအနားက အဆောက်အဦးတွေကို ရင်းနှီးနေပါတယ်လို့ စိတ်ကထင်နေတာ။"

"ဟမ်?"

"ကျွန်တော်တို့ တက္ကသိုလ်တက်တုန်းက အားလပ်ချိန်ဆို ဖုကျစ်ယွီနဲ့ တူတူဘိလိယက်ကလပ်မှာ ပါခဲ့တယ်လေ။ ကြည့်ရတာ ဒီမှာလေးမှာလောက်ပဲ။"

ရှီယွင်နန်က သူ့ဖုန်းလေးကို ထုတ်ကာ တည်နေရာကို စစ်ဆေးနေသည်။ "တတိယထပ်မှာ အမိုးဖွင့် ကော်ဖီဆိုင် ရှိတယ်ဆိုတာတော့ ကျွန်တော်မှတ်မိတယ်။"

ရှီယွင်နန်က ကော်ဖီမကြိုက်ပေမယ့် အချိုပွဲတွေကိုတော့ အထူးစိတ်ဝင်စားသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now