"နည်းနည်း"

ရှီယွင်နန် မျက်မှောင်ကြုတ်လိုက်မိ၏။

ခရီး မထွက်မီတစ်ရက်အလိုတွင်၊ သူနှင့် လော့လင်းရှန်းမှာ မနက်စောစောထိ ဟိုဟာလုပ်ဒီဟာလုပ်နေခဲ့ကြ၏။ သူတို့နိုးလာသည့်အခါမှာလည်း လူအိုကြီးဝမ်ဆီ သွားလည်ရတာကြောင့်၊ ပင်ပန်းနွမ်းနယ်သည့်ဒဏ်က မပျောက်သေးပေ။

ထို့အပြင် ရှီယွင်နန်က ခရီးဝေးသွားရသည်ကို အလေ့အကျင့်မရှိတာကြောင့်၊ ယခုအချိန်တွင် သူ့မှာ သေချာပေါက်ကို ပင်ပန်းနွမ်းနယ်နေသည်။

လော့လင်းရှန်းက သူပင်ပန်းနေတာကိုမြင်တော့ ပြောလာသည်။ "အိမ်ပြန်ပြီး အနားယူတာပေါ့။ သန်ဘက်ခါမှ ဆေးကုသရေးဌာနကို သွားမယ်။"

အမေရိကန်တွင် သူ့ ကိုယ်ပိုင်အိမ်သုံးလေးလုံးရှိပြီး၊ ထိုအိမ်တွေထဲက တစ်လုံးမှာ ဆေးကုသရေးဌာနနှင့် နီးတာကြောင့် နောက် ရွှေငါးလေးနှင် ရှီယွင်နန်တို့ ဆေးရုံနှင့် အိမ်ကို အပြန်အလှန် သွားရာအတွက် အဆင်ပြေလှသည်။

ချင်ကျန်းက ယာဉ်မောင်းကို ဆက်သွယ်လိုက်၏။ ထို့နောက် သူတို့ ကားထဲဝင်သို့ အမြန်ဝင်လိုက်ကြသည်။

ဘယ်လိုပဲဖြစ်ဖြစ် ရွှေငါးလေးမှာ ကလေးလေးသာ ဖြစ်တာကြောင့်၊ ကားပေါ်မတက်ခင်မှာတော့ ခုန်ပေါက်နေပြီး အိမ်ရောက်သည်နှင့် သူက လော့လင်းရှန်း ရင်ခွင်ထဲတွင် အိပ်ပျော်နေလေပြီ။

ဒါကိုမြင်တော့ ယွမ်မုန်က ပြောလာသည်။ "ခေါင်းဆောင်၊ သခင်လေးအနားယူဖို့ ကျွန်တော် အခန်းထဲ ခေါ်သွားလိုက်ပါမယ်။"

"အင်း။"

အိမ်တော်ထိန်းချင်မှာ အသက်ရလာတာကြောင့် လော့လင်းရှန်းက သူ့အားမလိုက်စေချင်ခဲ့။ တစ်နှစ်ပတ်လုံး သူ့နောက်လိုက်နေခဲ့သည့် ချင်ကျန်း နှင့်ယွမ်မုန်ကလွဲ၊လျှို့ဝှက်ကာကွယ်ပေးရန် ပရော်ဖက်ရှင်နယ် သက်တော်စောင့် ခြောက်ဦးကိုလည်း စီစဉ်ထားလေသည်။

ရှီယွင်နန်က လော့လင်းရှန်းအိမ်အပြင်အဆင်ကို လှည့်ပတ်ကြည့်နေ၏။"ဒီအိမ်ကို ဘယ်တုန်းက ဝယ်ထားတာလဲ? ကောင်းကောင်း ပြင်ဆင်ထားတာပဲ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now